ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅
https://www.facebook.com/share/p/1N6ZiK4GKm/
အေးသာယာမြို့နယ်ရှိ ရပ်ကွက် တချို့တွင် စစ်မှုထမ်းအတွက် အသက် ၁၈ မှ ၃၅ နှစ်အတွင်း အသက်ပြည့်သူတိုင်း သုံးလတစ်ကြိမ် မဲနိုက်ပြီး မဲပေါက်ပါက လူစားထိုးအနေဖြင့် (၄၅)သိန်းပေးရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့နယ်ရှိ ရပ်ကွက် တချို့၌ စစ်မှုထမ်းရန် အသက်ပြည့်သူတိုင်း မဲနိုက်ရပြီး မဲပေါက်ပါကလူစားထိုးအတွက် ရပ်ကွက်မှ(၄၅)သိန်းပေးရကြောင်း ပေးရသည့်ငွေအားရပ်ကွက်တွင်ကောက်ခံလျှက်ရှိပြီး နောက်ထပ်တစ်ကြိမ် မဲနိုက်ပါက မိမိနာမည် ထပ်ပါလျှင် စစ်မှုထပ်ထမ်းရမည်ဟု သိရသည်။
“အခုက ဘယ်လို့တုန်းဆို မလိုက်ရင်တစ်ယောက်ကို(၄၅)သိန်း ပေးရတယ်၊အခုက တောက်လျှောက် နိုက်နေတာဘဲ အသက် ၁၈ ကနေ ၃၅ ကြားကို၊ တစ်ချို့ကလည်း မပေးနိုင်တော့ လိုက်သွားကြတယ်၊ အခုက အပြီးရယ်တော့ မဟုတ်ဘူး အခုက မလိုက်ရအောင်လို့ဘဲ(၄၅)သိန်းပေးလိုက်ရတာ နောက်ထပ် မဲနိုက်လို့ပါရင် ထပ်လိုက်ရအုံးမှာဘဲ အခုက လူအစားထိုးတယ် ဆိုတဲ့သဘောပေါ့ ၊ တချို့ကျလည်း နာမည်ထပ်ပါလည်း ဘာမှထူးဘူး၊ ဒီတစ်ခါတည်းမလိုက်ရအောင် ပေးလိုက်ရတာဘဲ”ဟု ဒေသခံတစ်ဦးမှပြောသည်။
လူအစားထိုးအတွက် ရပ်ကွက်တွင်လစဥ်ကျေးကောက်နေသော်လည်း မဲပေါက်ပါက သွားရသည့်အတွက် မသွားလိုလျှင် လူအစားထိုးအတွက် ၄၅ သိန်းပေးထားရကြောင်း အေးသာယာတွင် ရပ်ကွက်အလိုက် စစ်မှုထမ်းကြေး ပေးဆောင်ရသည့် ငွေပမာဏ မတူကြောင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးပေါ် မူတည်ကြောင်း သိရသည်။
“စစ်မှုထမ်းကြေးဆိုပြီး တစ်လက်ိုခုနှစ်သောင်း၊ ရှစ်သောင်းပေးရတယ် တော်တော်ဆိုးတယ် အုပ်ချုပ်ရေးမှူးနဲ့ဆိုင်တာပေါ့ ၊ နောက်တစ်ခေါက်ထပ်ပါလာရင် မပေးနိုင်ရင်လိုက်ရုံဘဲပေါ့၊ အခုကပိုဆိုးလာတယ် တချို့ရပ်ကွက်က မတူဘူး ရပ်ကွက် လူကြီးနဲ့ဘဲဆိုင်တာ”ဟု ၎င်း ကဆက်ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များသည် စစ်မှုထမ်းဆင့်ခေါ်ရန် မဲနှိုက်စနစ်ဖြင့် ပြုလုပ်နေပြီး တချို့မြို့နယ်များ ၌ လည်း နာမည်ပေါက်ဖြင့် စာပေးပို့ ခံရကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#အေးသာယာမြို့နယ်
#ရပ်ကွက်တချို့
#စစ်မှုထမ်းအတွက်
#အသက်ပြည့်သူတိုင်း
#မဲနိုက်ရ
#မဲပေါက်ပါကလူစားထိုး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7