ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅

https://www.facebook.com/share/p/191txkrHNr/

ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့် ဆောင်ရွက်နိုင်ရန် စစ်ကောင်စီက မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်ရပ်ထားကြောင်း စစ်ကောင်စီက မေလ ၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လှုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဧပြီလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ စစ်ကောင်စီက ယာယီအပစ်ရပ်ကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဆိုထားသည်။

လက်ရှိကာလတွင်လည်း စစ်ကောင်စီအ‌နေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောအစိုးရရုံးများ၊ ပြည်သူများ၏ နေအိမ် နှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို၊ ပြည်လည်ထူထောင်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်နေလျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်းဆိုသည်။

ယာယီအပစ်ရပ်ထုတ်ပြန်ထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ‌‌အနေဖြင့် စစ်ကောင်စီ၏တပ်၏ခန်းများကို တိုက်ခိုက်ခြင်း၊ တပ်ငှာနချုပ်များကို တိုက်ခိုက်ခြင်း၊ အင်အားစုဆောင်းခြင်း၊ နယ်မြေ‌ချဲ့ထွင်ခြင်းများ မပြုလုပ်ရန် နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက စစ်ကောင်စီအနဖြင့် လ်ိုအပ်သည့် အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော MNDAA၊ TNLA၊ AA တို့ကလည်း ငလျင်နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်‌‌ဆောင်ရွက်နိုင်ရန် မေလ တစ်လသာ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်းထုတ်ပြန်ထားသည်။

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ကောင်စီက အပစ်ရပ်ထားသည် ထုတ်ပြန်ထားသည့် ဧပြီလ အတွင်းတွင်လည်း နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိပြီး ငလျင် လှုပ်ခတ်မှုအပြီး မတ်လ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇၆ ဦးသေဆုံးခဲ့ပြီး ‌‌‌‌‌၄၅၆ ဦးဒဏ်ရာရရှ်ခဲ့ကြောင်း အမျိူသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားသည်။

PPV 003
#ငလျင်ဒဏ်သင့်ဒေသများ
#ပြန်လည်ထူထောင်ရေးလုပ်ငန်း
#အရှိန်ဟုန်မြင့်ဆောင်ရွက်နိုင်ရန်
#ယာယီအပစ်ရပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7