ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅

https://www.facebook.com/share/p/1BMGqQVXAk/

ဒီမောဆို အနောက်ဖက်ခြမ်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၁၀ လုံးခန့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီ(ကယား) ပြည်နယ်၊ဒီမောဆိုအနောက်ဖက်ခြမ်းတွင် မေလ ၆ ရက်နေ့ည ၁၁ နာရီ ၈ မိနစ်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးခန့်လာရောက်ကြဲချ ခဲ့ကြောင်းသိရသည်။

” ဗုံး ၁၀ လုံးလောက်ကို ဆက်တိုက်ကြဲသွားတာ၊ပေါက်ကွဲသံက ဆက်တိုက်ဖြစ်နေ တော့ အစကဘာမှန်းမသိလိုက်ဘူး၊ ပြီးလေယာဉ်သံကြား မှ ဗုံးကြဲမှန်းသိရတာ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံ အချို့ထိခိုက်ပျက်စီးသွားသော်လည်း လူထိခိုက်သေဆုံးမှုမရှိ ကြောင်းသိရသည်။

ယနေ့ မေလ 7 ရက်နေ့ နေ့လည် ၁၂ နာရီ၀န်းကျင်အချိန်တွင်လည်း ဖယ်ခုံ မြို့အနောက်ဖက်ခြမ်းရှိ ပီကင်း ကျေးရွာအနီးတွင် စစ်ကောင်စီက လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ကြောင်းသိရသည်။

PPV 003
ပုုံ-အွန်လိုင်း
#ဒီမောဆိုအနောက်ဖက်ခြမ်း
#လေကြောင်းဖြင့်ဗုံးကြဲချ
#ဖယ်ခုံမြို့အနောက်ဖက်ခြမ်း
#ပီကင်းကျေးရွာ
#လက်နက်ကြီးပစ်ခတ်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7