ခမ်းသားငေါဝ်း
မေလ ၇၊ ၂၀၂၅
https://www.facebook.com/share/p/1CGnqpfKZK/
ရှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် ကျေးရွာအများစုကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေ၍ ဒေသခံများ ခြံမသွားရဲဘဲလုံခြုံရေး စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။
ရွာငံမြို့နယ် အရှေ့ဖက်ကျေးရွာများတွင် စစ်ကောင်စီမှ အင်အား (၁၀၀)နီးပါးဖြင့် စစ်ကြောင်းထိုးနေပြီး ဒေသခံများ၏ဖုန်းများသိမ်းယူခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်ကာ ရိုက်နှက်ခြင်းများ ပြုလုပ်နေသဖြင့် ဒေခသံများ လက်ဖက်ခြံနှင့် တောင်ယာမသွားရဲကြကြောင်း သိရသည်။
“ခနခန စစ်ကြောင်းလာတယ်။ တစ်ခါလာရင် (၁၀၀)နီးပါးရှိတယ်။ သူတို့ကိုပဲ ကြောက်နေရတာ။ ခြံလဲမသွားရဲဘူး။လူတွေကိုလဲ ခေါ်သွားပြီးရိုက်တယ်။ နေပူထဲမှာလည်း ထိုင်ခိုင်းထားတယ်။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများသည် ပြည်သူ ပိုင်ပစ္စည်းများကိုယူခြင်း၊တောတောင်ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
အခြားဒေသခံ တစ်ဦးက“ဒီနားက တောထဲကိုဆို သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာ။ဘယ်သူမှ အဲဖက် ခြံတွေကို မသွားရဲဘူး။ စစ်သားတွေကအများကြီး ။ဘယ်နေ့ တိုက်ပွဲဖြစ်မလဲ လန့်နေရတယ်။” ဟု ခမ်းသားငေါဝ်းကို ပြောသည်။
ယခုလက်ရှိ စစ်ကောင်စီသည် ရွာငံမြို့နယ် ကျေးရွာအများစုတွင် တပ်စွဲနေထိုင်နေကြပြီး ရွာငံမြို့အဝင်အထွက် ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ထားကြောင်း သိရသည်။
ဒေသအခြေစိုက်စစ်တပ်မရှိသည့် ရွာငံမြို့နယ် တွင် စစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီတပ်မှ လူးအခွင့်အရေးချိုးဖောက်မှုကျူးလွန်ခြင်းပိုမိုရှိလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကလည်း အစီရင်ခံစာထုတ်ပြန်ထားသည်။
#PPV008
#Humanright
#ရွာငံ
#စစ်ကြောင်းထိုး
#ဓနုဒေသ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။