ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅
https://m.facebook.com/story.php?story_fbid=1111521764344336&id=100064595686020&mibextid=Nif5oz
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများအသုံးပြုပြီး တိုက်ခိုက်နေကြောင်း KNDF စစ်ဗျူဟာအမှတ် ၁ ကထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်၊ မိုးဗြဲတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောာင်စီဖက်မှ လက်နက်ကြီး၊လေယာဉ်များဖြင့် ပြင်းထန်စွာ တိုက်ခိုက်ပြီး ထိုးစစ်ဆင်နေသည့်အပြင်စစ်ကောင်စီသည် လေယာဉ်၊ ဒရုန်းများဖြင် အဆိပ်ငွေ့ဗုံးများကိုပါအသုံးပြု ပြီးတိုက်ခိုက်နေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် မိုးဗြဲရှိ ဘီလူးချောင်းထဲသို့ အဆိပ်ရည်များ လောင်းထည့်ထားကြောင်း KNDF ဗျူဟာ အမှတ် ၁ ကဆိုသည်။
အဆိပ်ရည်လောင်းထည့်ထားမှုကြောင့် မိုးဗြဲရှိဆည်မြောင်းအတွင်း ငါးများအစုလိုက်အပြုံလိုက် သေဆုံးနေကြောင်းသိရသည်။
ထို့ကြောင့်မိဘပြည်သူများအနေဖြင့် ယခုလိုအခြေနေမျိုးတွင် အထူးသတိထားပြီး သွားလာကြရန် လိုအပ်ကြောင်း KNDF ဗျူဟာ အမှတ် ၁ ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#မိုးဗွဲ
#အဆိပ်ငွေ့ဗုံးများအသုံးပြု
#KNDF
#စစ်ဗျူဟာအမှတ် ၁
#တိုက်ပွဲများဆက်လက်ပြင်းထန်နေ
#လက်နက်ကြီး
#လေယာဉ်များဖြင့်ပြင်းထန်စွာတိုက်ခိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7