ခမ်းသားငေါဝ်း
မေ ၆၊ ၂၀၂၅
https://m.facebook.com/story.php?story_fbid=1110854627744383&id=100064595686020&mibextid=Nif5oz
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)တို့အကြား ဧပြီလအတွင်း တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်(၂)ဦး အပါအဝင် (၃၉)ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မေလ(၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ (KNLA)နှင့် စစ်ကောင်စီတိုက်ပွဲကြား စစ်ကောင်စီဗိုလ်မှူးအဆင့်(၂)ဦး၊ တပ်ကြပ်ကြီး အဆင့်(၁)ဦးအပါ (၃၉)ဦး သေဆုံးကာ ဒုတပ်ကြပ်(၁)ဦးအပါအဝင် (၅၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း အဆောက်အဦး(၉)လုံး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီမှ ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီး (၇)ကြိမ်၊ လေကြောင်းဖြင့် ဗုံး(၁၄)လုံးပစ်ချ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂)ဦး သေဆုံးကာ (၇)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ လုပ်ကိုင်စားသောက်ရာ နေရာများ ထိခိုက်ပျက်စီးကာ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု များစွာဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
PPV0011
ပုံ-KNU
#ကရင်ပြည်နယ်
#ဖာပွန်ခရိုင်
#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် #KNLA
#တပ်မဟာ(၅)
#စစ်ကောင်စီတပ်ဗိုလ်မှူးအဆင့်
#ကရင်အမျိုးသားအစည်းအရုံး
#KNU
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7