ခမ်းသားငေါဝ်း

မေ ၅၊ ၂၀၂၅

https://www.facebook.com/share/v/1AbFjVFtHX/

အင်းလေးဒေသ ၊ မှော်ဘီ ဒေသရှိ ခရမ်းချဉ်သီးစိုက်တောင်သူများသည် ခရမ်းချဉ်သီးအထွက်ကောင်းသော်လည်းခူးချိန်၌ စျေးကောင်းမရသဖြင့် အရှုံးခံရကြောင်း စိုက်ပျိုးတောင်သူထံမှသိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ် ၊ အင်းလေး မှော်ဘီ ဒေသရှိ ခရမ်းချဉ်သီးစိုက် တောင်သူ တချို့ခရမ်းချဉ်သီး အထွက်ကောင်းသော်လည်း စျေးမရှိသဖြင့်မခူးဘဲ အရှုံးခံနေရသည်။

“သူက အဲ့လို့မျိုး အရင်တစ်လက စျေးမရှိတာပေါ့ တစ်ပိဿာနှစ်ရာ ၊သုံးရာ အဲ့လောက်ဘဲရှိတယ်ဆိုတော့ မခူးဘဲ ဒီတိုင်းပဲထားလိုက်တာပေါ့၊ ခူးလိုက်ရင်လည်း ခူးတဲ့လုပ်အားခနဲ့ က မကိုက်တော့ဘူးလေ အဲ့တာနဲ့ ဒီတိုင်းပဲ ထားလိုက်တာ၊ တခြား ပြောင်းတွေ စိုက်မှာဆိုတော့ ဒီတိုင်းဘဲလယ်ထွန်းစက်နဲ့ ထွန်းပလိုက်မှာပေါ့ အရှုံးခံလိုက်တယ်ဆိုတဲ့သဘောပေါ့ကွယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။

ပြီးခဲ့သည့် လ ဧပြီလတွင် ခရမ်းချဉ်သီးတစ်ပိဿာ၂၀၀၊ ၃၀၀ ကျပ်သာ စျေးရှိပြီး ခရမ်းချဉ်သီး စျေးမကောင်းသဖြင့် မခူးဘဲ ဒီတိုင်းထားရကြောင်းနှင့် ယခုလ တွင် တစ်ပိဿ ၁၀၀၀ မှ ၁၅၀၀ ကျပ် အထိ ပေါက်စျေးရသော်လည်း အမှည့်လွန်ပြီး ခူးမရတော့ကြောင်းသိရသည်။

“အဓိက စျေးမကောင်းလို့ ၊ ကုန်စျေးနှုန်း မရှိတဲ့အတွက်ကြောင့်မို့ ပါ ၊ အခုတော့ စျေးနည်းနည်းပြန်ကောင်းပြီး တစ်ထောင်ကျော် ရကော၊ အခုတော့ ရောင်းမရတော့ဘူး မှည့်လွန်ကုန်ပြီးလေ ၊ ခူးချိန် ကြ စျေးကောင်းမရ စျေးကောင်းရချိန်ခူးမရ အဲ့လို့ဖြစ် ၊ အဲ့တာက ကံတရားဘဲ”ဟု ၎င်း ကဆက်ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ပွဲရုံ၏ မေလ ၄ ရက်၏ ခရမ်းချဉ်စျေးမှာခရမ်းချဉ်ဂွတ်သီးတစ်ပိဿာ 1700 ကျပ်၊ ခရမ်းချဉ် ရှယ်သီးတစ်ပိဿာ 1400 ကျပ်နှင့် ခရမ်းချဉ် အသေးသီး တစ်ပိဿာ 1200 ကျပ် ဖြစ်ကြောင့်သိရသည်။

PPV0013
ဗွီဒီယို-Cj
#စိုက်ပျိုးရေး
#ညောင်ရွှေမြို့ နယ်
#အင်းလေးမှော်ဘီဒေသ
#ခရမ်းချဉ်သီးစိုက်တောင်သူ
#စျေးမရှိသဖြင့်မခူးဘဲအရှုံးခံနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7