ခမ်းသားငေါဝ်း
မေလ ၃၊ ၂၀၂၅
https://www.facebook.com/share/p/19XubxKEka/
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ့်တုတ်နှင့်ကုန်းသာကျေးရွာတို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်များပျက်စီးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘီလူးချောင်းအရှေ့ဖက်ခြမ်းရှိ နမ့်တုတ်အုပ်စု နမ့်တုတ်ကျေးရွာနှင့် ကုန်းသာ ကျေးရွာကို မေလ ၂ ရက်နေ့က စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က လက်နက်ကြီး ၁၁ လုံးပစ်ခတ်ခဲ့ကြောင်းသိရ သည်။
” အဲ့ရွာတွေမှာက ရွာသားတွေနေထိုင်ကြသေးတယ်၊ လူတော့ထိခိုက်မှုမရှိခဲ့ဘူး” ဟု အင်းလေးဒေသ လူ့အခွင့်အရေးလှုပ်ရှားမှု တာ၀န်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
နမ့်တုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး၊ ကုန်းသာကျေးရွာကို လက်နက်ကြီး ၉ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်းသာကျေးရွာတွင် နေအိမ် ၁ လုံး နှင့် နမ့်တုတ် ကျေးရွာ ခန်းမဆောင်ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
ပြီးခဲ့သောဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင်လည်း ညောင်ရွေမြို့နယ်၊ ဘုရားတောင်ကျေးရွာအတွင်းကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ဒရုန်းဖြင့် လာရောက်ကြဲချ ခဲ့သောကြောင့် ဘုရားတောင်ကျေးရွာရှိ နေအိမ် ၄ လုံးထိခိုက်ပျက်စီးသွား ကြောင်း အင်းလေးဒေသလူ့အခွင့်အရေး ကထုတ်ပြန်ထားသည်။
#PPV 003
#Humanright
#အင်းလေး
#နမ့်တုတ်
#ကုန်းသာ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။