ခမ်းသားငေါဝ်း
မေလ ၃၊ ၂၀၂၅
https://www.facebook.com/share/p/1Z37Mh8Hgn/
TNLA သိမ်းပိုက်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို မေ ၂ ရက် ညနေပိုင်းနှင့်မေ ၃ ရက် မနက်ပိုင်းတွင်စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိိခုက်မှုရှိခဲ့ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။
မေလ (၂)ရက် ည (၁၁း၄၅)နာရီခန့်က မိုးကုတ်မြို့အုတ်ပြင်ရပ်ကွက်သို့ ပေါင်(၂၅ဝ) ဗုံး (၂)လုံး လာရောက်ကြဲ တိုက်ခိုက်ခဲ့၍ ဓမ္မရုံနှင့် ပြည်သူလူထုနေအိမ် (၆)လုံး ထိမှန်ပျက်စီးသွားကြောင်းသိရသည်။
မေလ (၃)ရက် နံနက် (၉းဝဝ)နာရီဝန်းကျင်ခန့်တွင်လည်း သဲရပ်ကွက်ရှိ အနောက်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး ထပ်မံဗုံးကြဲချခဲ့ခြင်းကြောင့် ဒေသခံ (၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ဆိုသည်။
ထို့အပြင် ဧပြီလ (၃ဝ)ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၈)ရက်(၂၉)ရက်က ကူမင်းမြို့၌ TNLA နှင့် စစ်ကောင်စီ တို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး စစ်ကောင်စီက TNLA သိမ်းပိုက်ထားသည့်နယ်မြေများအားလုံး ဆုတ်ခွာပေးရန်တောင်းဆို၍ ဆွေးနွေးမှု မအောင်မြင်ခဲ့ ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း TNLA ကဆိုသည်။
ညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်သော MNDAA ၊ TNLA ၊ AA တို့သည် ငလျင်နောက်ဆက်တွဲလှုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် မေလ ၁ ရက်နေ့မှစပြီး တစ်လသာအပစ်ရပ်စဲ ကြောင်းထုတ်ပြန်ထား သော်လည်း စစ်ကောင်စီဖက်မှ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နလျက်ရှိသည်။
#PPV 003
#Humanright
#ဗုံးကြဲ
#မိုးကုတ်
#TNLA
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။