ခမ်းသားငေါဝ်း
မေလ ၃၊ ၂၀၂၅

https://www.facebook.com/share/p/16RfRpr2Pu/

ညောင်ရွှေ၊အောင်ပန်း၊ ကလောတစ်ကြောတွင် အာဏာပိုင်များနှင့်ပူးပေါင်းပြီးလောင်းကစားဝိုင်းများပေါ်ပေါ်တင်တင် ဖွင့်လှစ်နေကြောင်း ဒေသခံထံမှသိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ၊အောင်ပန်း၊ ကလောအတွင်းတွင် လောင်းကစားဝိုင်းများပေါ်ပေါ်တင်တင်ဖွင့်လှစ်ခြင်းကြောင့် ခိုးဆိုးလုယက်သူများ သောင်းကျန်းနေပြီး ကား၊ဆိုင်ကယ်များကို ခိုးယူနေကြောင်းသိရသည်။

“ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ကျွန်တော့ကားပျောက်သွားတယ်၊ အဲ့ဒါလိုက်ရှာတော့ ညောင်ရွေက လောင်းကစားဝိုင်းမှာ ပြန်တွေ့တယ်၊ အဲ့ဒါဓာတ်ပုံရိုက်ပြီး ရဲစခန်းသွားပြတယ်၊ အခုထိ အရေးမယူ ပေးဘူး၊ ကားလည်းပြန်မရသေးဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထိုလောင်းကစားဝိုင်းနှင့် ခိုးဆိုးလုယက်မှုများကို ရဲစခန်းသို့ သက်သေနှင့်အတူ တိုင်ကြားသော်လည်းအရေးယူပေးခြင်းမရှိကြောင်းသိရသည်။

” အရင်တုန်းက ဆိုင်ကယ်တွေမပျောက်ဘူး၊ အဲ့လောင်းကစားဝိုင်းတွေလာမှ ခနခနကိုပျောက်တာ၊ သံကြိုးကိုအထပ်ထပ်ခတ်ထားလည်းပျောက်တယ်၊ ပြီးဆိုင်ကယ်ပျောက်ရင် ဘယ်မှသွားမရှာနဲ့ လောင်းကစားဝိုင်း‌တွေမှာပဲရှိနေတာ၊ သွားတိုင်ရင်လည်း မဖမ်းပေးဘူး” ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ အာဏာပိုင်များနှင့်ပူးပေါင်းပြီးဖွင့်ထားသည့်လောင်းကစားဝိုင်းများသည် ညောင်ရွေမြို့နယ် ရွေလင်ပန်းဘုန်းကြီးကျောင်းတွင်တစ်ဝိုင်း၊ တောင်လေးလုံးတွင်တစ်ဝိုင်း၊ အောင်ပန်းတွင်တစ်ဝိုင်း၊ ကလောတွင် ၂ ဝိုင်း ရှိပြီး လေးကောင်ဂျင်ကို အဓိက ဆော့ကစား‌နေ ကြကြောင်း သိရသည်။

” ရွှေညောင်၊ညောင်ရွေ ဖက်က ညမထွက်ရအမိန့်ရှိတယ် ၊ ၉ နာရီလောက်ဆို မြို့အ၀င်အထွက်ပိတ်ထားတယ်၊ လှည့်ကင်းတွေရှ်ိတယ်၊ အဲ့လောင်းက စားဝိုင်းကလူတွေက ည ၁၁ ၊ ၁၂ နာရီလောက်မှပြန်လာကြတာ၊ ဘယ်ကပြန်လာတာလည်းမေးရင် ဂျင်ဝိုင်းကပြန်လာတာလို့သာပြော မဆွဲစေရဘူး၊ မဖမ်း‌စေရဘူး ဆိုပြီး အာဏာပိုင်များက ခွင့်ပြုထားတယ်” ဟု ၎င်း ကဆိုသည်။

အဆိုပါအလောင်းကစားဝိုင်းများကြောင့် ခိုးယူလုယက်မှုများ မကြာခဏဖြစ်လာသောကြောင့် အမြန်ဆုံးအရေး ယူ ဖမ်းဆီးပေးကြရန် ဒေသခံများ တောင်းဆိုနေကြသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ခိုးဆိုးလုယက်သူအလွန်သောင်းကျန်းနေပြီး နေအိမ်ဖောက်ထွင်းမှု၊ ကား၊ဆိုင်ကယ်နှင့်အခြားပစ္စည်းများခိုးယူမှု နေ့စဥ်နဲ့အမျှ ဖြစ်ပေါ်သော်လည်းအရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်းသိရသည်။

#PPV003
#social
#လောင်းကစားဝိုင်း
#ရှမ်းတောင်
#ခိုးဆိုးလုယက်မှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။