ခမ်းသားငေါဝ်း
မေ ၁ ၊ ၂၀၂၅
https://www.facebook.com/share/p/15vCFGhmrB/
ငလျင်ကြောင့် ပျက်စီး သွားသည့် မန္တလေးမြို့ရှိဘုန်းကြီးကျောင်အတွက်ဟုဆိုကာ PNO ပြည်သူ့စစ်က ငလျင်ကြောင့်အိမ်ပျက်စီးသူများပါမကျန် ငွေကောက်ခံနေကကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့တောင်ဖက်ရှိကျေးရွာများတွင် ငလျင်ကြောင့် အိမ်ပျက်စီးသွားသူများအပါအဝင် တစ်အိမ်ထောင်ကို ငွေကျပ်တစ်သောင်း PNO ပြည်သူ့စစ်က ကောက်ခံနေကြောင်းသိရသည်။
“မန္တလေးမှာ ငလျင်ကြောင့်ပျက်စီးသွားတဲ့ ဘုန်ကြီးကျောင်းတွေ ပြန်ပြင်ဖို့တဲ့ ဆယ်အိမ်ခေါင်းကကောက်ပေးတာ ။အိမ်တိုင်းထည့်ရတယ်။အလှူငွေ ဖြတ်ပိုင်းတော့မရဘူး။ငလျင်ကြောင့်အိမ်ပြိုတဲ့သူလည်းပါတယ်။ တစ်ချို့တော့အခက်ခဲဖြစ်ကြတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယခုတွင် ထိဗိကျောင်းတကာ၊ ပင်ခွန်ကျောင်းတကာ၊ တောင်လေးကျောင်းတကာ၊ ဝါးလီးကျောင်းတကာများ ကောက်ခံပြီးသွားပြီဖြစ်ကြောင်းသိရသည်။
မတ်လ၂၈ ရက်နေ့တွင်လှုပ်ခတ်သောငလျင်ကြောင့် ပင်လောင်းမြို့နယ်တွင် လူနေအိမ် ၇၀၀ ကျော်ပျက်စီးသွားပေမယ့် PNO ပြည်သူ့စစ်က ရွာအများစုတွင် သွားရောက်ကူညီမှု မရှိသေးကြောင်း မန္တလေးဘက်အတွက် ပင်လောင်းရှိငလျင်ဘေးသင့်သူများထံ ဆက်ကြေးသကဲ့သို့ မထည့်မနေရငွေကောက်ခံခြင်းများရှိနေကြောင်း သိရသည်။
#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့
#ငလျင်ကြောင့်အိမ်ပျက်စီးသွားသူများ
#ထီဗိကျောင်းတကာ
#ပင်ခွန်ကျောင်းတကာ
#တောင်လေးကျောင်းတကာ
#ဝါးလီးကျောင်းတကာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7