ခမ်းသားငေါဝ်း
ဧပြီ ၁၊ ၂၀၂၅
https://www.facebook.com/share/p/1AMwgpe4MQ/
အင်းလေးတွင် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် သေဆုံးသွားသူ ၅၀ ဦးအတွက် တစ်ဦးလျှင် ဆယ်သိန်းစီ ကျန်ရစ်သူမိသားစုထံပေးအပ်ခဲ့ ကြောင်းစစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ နန်းပန်မြို့၊ ကေလာကျေးရွာအုပ်စု၊ သလဲဦးကျေးရွာအုပ်စု၊ နန်းတဲကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု ၊သာလေးကျေးရွာအုပ်စုတို့မှ ကွယ်လွန်သူ ၅၀ ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ဆယ်သိန်းပေးအပ်ခဲ့ ကြောင်းဆိုသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့မနက်ပိုင်းတွင် ကေလာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ ရှိ ငလျင်ဘေးဒဏ်ကွပ်ကဲရေးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ်နေသေးကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#သဘာဝဘေး
#အင်းလေး
#အင်အားပြင်းငလျင်
#ကျန်ရစ်သူမိသားစု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7