ခမ်းသားငေါဝ်း
မေ ၁၊ ၂၀၂၅

https://www.facebook.com/share/p/1979SoLTma/

ရှမ်းပြည်နယ်တပ်မတော် (SSPP/SSA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့အကြား စစ်ရေးတင်းမာမှုတွေကို ပြေလည်ရန် တွေ့ဆုံဆွေးနွေးသွားမည်ဟု SSPP က ဧပြီလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်၊၊

၁၀၂၇ စစ်ဆေးရေး ဒုတိယ ကာလမှစ၍ SSPP အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်ဖြတ်သန်းလာခဲ့ကြသော MNDAA အောက်ခြေ တပ်ဖွဲ့များနှင့် SSPP အောက်ခြေတပ်ဖွဲ့များ၏ သာဘာစကားအားနည်းခြင်းနှင့် SSPP နယ်မြေအတွင်း MNDAA တပ်ဖွဲ့များ ဖြတ်သန်းသွားလာမှုကို MNDAA ဗဟိုမှ တရားဝင်အကြောင်းကြားမှုအားနည်းခြင်းကြောင့် နှစ်ဘက်အောက်ခြေတပ်များ ၂၀၂၅ ဧပြီ လ (၂၈) (၂၉)ရက်နေ့တွင်မလိုအပ်သော တိုက်ပွဲ ဖြစ်ပွါးမှုများဖြစ်ပွါးခဲ့ကြောင်းဆိုထားသည်။

ဧပြီလ (၂၈) နှင့် (၂၉) ရက်နေ့အတွင်း SSPP/SSAနှင့် MNDAA/MNDJP စစ်ရေးထိတွေ့မှု (၈) နေရာ ၊ထိုးကြိတ် ရိုက်နှက် ဖမ်းဆီးမှုလည်း ၂၄ ကြိမ်ဖြစ်ပွါးခဲ့ပြီး နှစ်ဘက်သောရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင့် ဖော်ပြထားသည်။

နှစ်ဖက်စစ်ရေး ထိတွေ့မှု ၊တင်းမာမှုနှင့်ပက်သက်၍ နှစ်ဖက် ဗဟိုအဆင့် တွေ့ဆုံဆွေးနွေး သွားမည်ကိုလည်း စာနှင့်တကွ ထုတ်ပြန်ထားသည်။

ထို့ပြင် လက်ရှိမှာလည်း SSPP တပ်စခန်းများရှိ သီပေါမြို့နယ် နားနန်း၊ နားတော်၊ ခိုနန်းဖ၊ တင်းဟိုင်း၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ စတဲ့နေရာတွေမှာ စစ်ရေးတင်းမာနေကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#စစ်ရေး
#ရှမ်းပြည်နယ်တပ်မတော်
#SSPP/SSA
#မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်
#MNDAA
#စစ်ရေးတင်းမာမှု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7