ခမ်းသားငေါဝ်း

ဧပြီ ၃၀၊ ၂၀၂၅

https://www.facebook.com/share/p/16RxpHrikE/

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော မြို့နယ်များတွင် ဧပြီလတစ်လအတွင်း မိုင်းနှင့် မ‌ပေါက်ကွဲသေးသည့် လက်နက်ကြီးကြောင့်(၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

သီပေါမြို့နယ်၊ တုံစင့်ကျေးရွာတွင် အသက် (၅ဝ)နှစ်အရွယ် ဦးထွန်းထွန်းဆိုသူသည် ပြီးခဲ့သည့် ဧပြီလ(၁၆)ရက်တွင် စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းဟောင်းအတွင်း ငှက်သွားပစ်ရာမှ မိုင်းကိုနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ(၁၈)ရက်လည်း မိုင်းယော်မြို့နယ်၊ လွယ်လင်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာတွင် မိသားစုဝင် (၂)ဦးသည် နွားလိုက်လံသွားရှာဖွေနေစဉ် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ကောက်ယူဆော့ရာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ဖခင်ဖြစ်သူ ဦးခမ်းဆာဆိုသူမှ ထို့နေရာပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် (၁၈)နှစ်အရွယ် မိုင်းအောင်ဆာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဆိုထားသည်။

အလာတူး ပြီးခဲ့သည့် ဧပြီလ (၂ဝ)ရက်ကလည်း နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် အသက် (၈)နှစ်အရွယ်မောင်ကြယ်စင်နှင့် အသက် (၅)နှစ်အရွယ် မသီရိရတနာထွန်းဆိုသူ (၂)ဦးသည် ဖခင်နှင့်အတူ ရေချိုးပြီးနောက်အပြန်လမ်းတွင် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာတွင် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာပြင်းထန်မှုရရှိခဲ့ကြောင်းဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လတွင်လည်း ယခင်စစ်‌ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ဒေသခံပြည်သူလူထု (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

PPV 003
ပုံ-အွန်လိုင်း
#လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
#PSLF/TNLA
#မိုင်းနှင့်မ‌ပေါက်ကွဲသေးသည့်လက်နက်ကြီး
#သီပေါမြို့နယ်
#တုံစင့်ကျေးရွာ
#ငှက်သွားပစ်ရာမှမိုင်းကိုနင်းမိ
#မိုင်းယော်မြို့နယ်
#လွယ်လင်ကျေးရွာအုပ်စု
#မန်ကန်ကျေးရွာ
#နွားလိုက်လံသွားရှာဖွေ
#နမ့်ဆန်မြို့နယ်
#လုံတောက်ကျေးရွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7