ခမ်းသားငေါဝ်း
ဧပြီ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1QjFjxMNHg/
ဒီမောဆို အနောက်ဖက်ခြမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျောက်တုံးပြိုကျလာကာ နေအိမ်ထိမှန်ခဲ့ပြီး စစ်ရှောင်တစ်ဦးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ကရင်နီ ( ကယား ) ပြည်နယ်၊ ဒီမောဆိုအနောက်ဘက်ခြမ်းတွင် ဧပြီလ ၂၈ ရက်နေ့ ညနေ ၂ နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျောက်တုံးတစ်ခု နေအိမ်ပေါ် လှိမ့်ကျလာသော ကြောင့်စစ်ရှောင်တစ်ဦးသေဆုံးသွားသည်။
” မိုးအကြီးရွာပြီး ကျောက်တုံးက လှိမ့်ကျလာတာ အိမ်တည့်တည့်ထိသွားတာ၊ အထဲမှာလည်း လေဖြတ်နေတဲ့ အဖိုးတစ်ယောက်က အိပ်နေတော့ ထိပြီး ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် ကျောက်တုံးများ ပြိုကျလာခြင်းဖြစ်သည်ဟု ယူဆထားပြီး ထပ်မံပြိုကျလာမည်ကိုလည်း ဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။
” ဒီဘက်မှာလည်း ငလျင်လှုပ်ခဲ့တာကော၊ ငလျင် နောက်ဆက်တွဲလို့ပဲ ထင်ပါတယ်၊ မိုးရာသီကျရင်တော့ ပိုဆိုးလာမှာပဲ ကြောက်ရတယ်၊ အရင်နှစ်မိုးရာသီတောင် မြေပြို တာတွေဖြစ်တာ လေ၊ ဒီနှစ်က ငလျင်ပါလှုပ်ထားတော့ နောက်ထပ် ကျောက်တုံးတွေလှိမ့်ကျ လာမှာစိုးရိမ်နေတယ်” ဟု ၎င်း ကဆက်ပြောသည်။
ဒီမောဆို အနောက်ဖက်ခြမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် မိုးသီများကျပြီး စစ်ရှောင် နေအိမ်အချို့ထဲ ရေ၀င်နေကြောင်းသိရသည်။
ပြီးခဲ့သော ဧပြီလ ၂၂ ရက်နေ့တွင်လည်း ဒီမောဆို အရှေ့ဖက်ခြမ်းရှိ ပွန်ချောင်း စစ်ရှောင်စခန်းတစ်ခု မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့ သောကြောင့် နေအိမ် ၁၅ လုံး နှင့် ဆေးခန်း ၁ လုံးပျက်စီးသွားခဲ့ ကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဒီမောဆိုအနောက်ဖက်ခြမ်း
#မိုးသည်းထန်စွာရွာသွန်း
#ကျောက်တုံးပြိုကျလာကာနေအိမ်ထိမှန်ခဲ့
#စစ်ရှောင်တစ်ဦးသေဆုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7