ခမ်းသားငေါဝ်း
ဧပြီ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1Y2QVLXHkw/
မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်၏ခန်းမှ ဧပြီလ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ထပ်မံစစ်ကြောင်းထိုးလာခဲ့ပြီး တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ကာ တော်လှန်ရေးဘက်မှ ရှေ့ကာကင်းတစ်ခု လက်လွတ်ခဲ့လိုက်ရကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာ အမှတ် ၁ ကထုတ်ပြန်ထားသည်။
တိုက်ပွဲတွင်စစ်ကောင်စီဘက်မှ လက်နက်ကြီးလေယာဉ် များအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ချေမှုန်းရေးတပ်ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲရှိ လူထုနေအိမ် အမြောက်အများပျက်စီးသွား ကြောင်းသိရသည်။
ထို့အပြင် ဧပြီလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီက အင်အား ၁၀၀ ကျော်ဖြင့်ထိုးစစ်ဆင်လာပြီး တော်လှန်ရေးအင်အားစုများ နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ မိုးဗြဲ PDF တပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
ထို့အပြင်စစ်ကောင်စီ ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ကြောင့် ကျေးရွာတစ်ရွာရှိဒေသခံတစ်ဦးထိခိုက် သေဆုံးသွားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် လက်နက်ကြီး၊ လေယာဉ်များဖြင့် အဆမတန် ပစ်ကူပေးကာ စစ်ကြောင်းထိူမှုများ ပြုလုပ်နေ၍ တော်လှန်ရေးတပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပြည်သူများအနေဖြင့် မိုးဗြဲမြိ့ဘက်ကို ဖြတ်သန်းသွားလာလိုပါက မြေပြင်အခြေအနေစုံစမ်းပြီးမှ သွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုးဗြဲမြို့
#ပြန်လည်ထိန်းချုပ်နိုင်ရန်
#မိုးဗြဲအခြေစိုက်ခမရ ၄၂၂
#ထပ်မံစစ်ကြောင်းထိုးလာခဲ့
#တော်လှန်ရေးဘက်မှရှေ့ကာကင်းတစ်ခု လက်လွတ်ခဲ့
#ရှမ်းတောင်စစ်ဒေသခွဲ
#PDF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7