ခမ်းသားငေါဝ်း
ဧပြီ ၂၉၊ ၂၀၂၉
https://www.facebook.com/share/p/16HD6YrGT1/
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ အုပ်စု၊ ရေချမ်းစင် ကျေးရွာတွင် ကလေးခိုးရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း မြင်တွေ့သူ တစ်ဦး ပြောပြချက် အရသိရသည်။
ဖြစ်စဉ်သည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်တွင် ပင်းတယမြို့နယ် ရေချမ်းစင်နှင့် ဒရယ်အင်းလမ်းကြား ရေချမ်းစင် ဘုန်းတော်ကြီးကျောင်း အပေါ်ဘက် တွင် ရေချမ်းစင်ရွာမှ ကလေး ၄ ယောက်ကို ကား တစ်စီးနှင့် လူသုံးယောက် အတင်းဆွဲတင်နေခြင်းကို ကံကောင်းစွာဖြင့် လမ်းသွားလာသူ မြင်တွေ့ အော်ဟစ် လိုက်သဖြင့် ကလေးများ မပါသွားခြင်း ဖြစ်ကြောင်း မြင်တွေ့သူ တစ်ဦးက ဆိုသည်။
“ပင်းတယ အောင်ပန်း သွားလမ်း ရေချမ်းစင်ရွာ က ပင်းတယ နယ်မှာပဲ။ ရေချမ်းစင် ရွာက လမ်းမကြီး နံဘေးမှာ ရှိတယ်။ ဖြစ်တာက ရေချမ်းစင် ဒရယ်အင်း လမ်းကြားမှာ။ ကလေးငယ်တွေကို ဂရုစိုက်ကြဖို့ လိုတယ်။”ဟု ပင်းတယ ဒေသခံ တစ်ဦး က ဆိုသည်။
ကလေးငယ်များသည် ရေသွားချိုးရာမှ အပြန်လမ်း ရွာနှစ်ရွာ ကြားလမ်းနေရာတွင် ဖြစ်ပွားခဲ့ခြင်း ဟု သိရသည်။
ကလေးများကို ဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ကျေးရွာများတွင် သူစိမ်းကားများ ဝင်လာလျှင် အမြဲမပြတ် လေ့လာစောင့်ကြည့်ရန် လိုအပ်ပါကြောင်း ဒေသခံများက ဆိုသည်။
ယခင်က ထိုအဖြစ်အပျက်များ ကျေးရွာများတွင် မကြုံဖူးကြောင်း ၊ မိဘများ အနေဖြင့် လူကြီးသူမ မပါဘဲ အပြင် မလွတ်သင့်ကြောင်း ၎င်းက သတိပေးခဲ့သည်။
#PPV-006
#ကလေး
#ပင်းတယ
#ရေချမ်းစင်
#ကလေးသူခိုး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။