ခမ်းသားငေါဝ်း
ဧပြီ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/1QTYf4KPAv/
စစ်ကောင်စီလက်အောက် စည်ပင်သာယာရေးဌာနမှ ဆီဆိုင်မြို့တွင်ပြန်လှည် တည်ဆောက်သည့် ဆိုင်ခန်းများသည် ကော်မတီထံသို့ ငွေပေးနိုင်သူများသာ နေရာကောင်းရနေကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ပြန်လည် ဆောက်လုပ်ထားသည့် မြို့မစျေးရှိ ဆိုင်ခန်းများကို ကော်မတီထံ ပိုက်ဆံများများပေးနိုင်သူနှင့် ၎င်းနီးစပ်သူများကသာ နေရာကောင်း ရနေကြကြောင်းသိရသည်။
“ဆယ်ခန်းပိုင်လဲ နာမည်ပေါက်တစ်ဦးထဲဆို တစ်ခန်းဘဲရမှာ၊ ခုကနေရာကောင်းရဖို့ကိုစျေးတာဝန်ခံမ ဆီကိုငွေပေးနေရတယ်၊ ရုံးဝန်းထမ်းရဲ့ မိန်းမတွေကတော့ နေရာကောင်းရတာပေါ့၊ သူတို့က ဆိုင်နေရာကောင်းယူ ဆိုင်ခွဲဖွင့်လုပ်ထားတာ ၊ ခုယာယီစျေးပြီးတော့လည်းနေရာကောင်းယူ လေးခန်းတွဲ ဆက်တိုက် ထောင့်ခန်းတွေ ယူထားကြတာ”ဟု ဆီဆိုင်မြို့ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ကော်မတီအဖွဲ့များက မူလတွင် ဆိုင်ခန်းဆယ်ခန်းခန့်ပိုင်ဆိုင်သည့်ပိုင်ရှင်လည်း ထောင့်ခန်းဆိုင်ခန်းမရဘဲ ဆိုင်ခန်းကောင်းရဖို့ရန် ငွေပေးနိုင်သူကသာ နေရာကောင်းရနေကြသည်။
“ခုဆီဆိုင်ဈေးကို ရှယ်လည်နေတာ မြို့ခံတွေ မဟုတ်ဘူး ဗမာပြည်ကကောင်တွေ ဆီဆိုင်ကမိန်းမရပီး ဒီမှာစီးပွားဖြစ်တော့ စွာကျယ်တွေပေါ့ဗျ ခုချိန်မှာ လူတိုင်း ဒုက္ခရောက်နေတာ မျှတမူလေးတော့ လိုချင်တာပေါ့ “ဟု ဆိုင်ခန်းပိုင်ရှင် မြိုခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊
ဆီဆိုင်မြို့၏ ယာယီစျေးမြေပြင် အခြေအနေသည်ပိုက်ဆံပေးနိုင်သူများနှင့် စျေးကော်မတီအဖွဲ့ဝင်များသည် ဆိုင်ခန်းနှစ်ခန်းတွဲ တစ်ဆက်ထဲ လေးခန်းတွဲ တစ်ဆက်ထဲ ထောင့်ခန်းနေရာတွေမှာ ယူထားကြသည့်ကိုမြင်တွေ့နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဆီဆိုင်မြို့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့မဈေး ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ရှိဈေးတစ်ခုလုံး ပြာကျခဲ့ကြောင်း သိရသည်။
PPV0013
ပုံ-CJ
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#ပြန်လည်ဆောက်လုပ်ထားသည့်မြို့မစျေး
#ဆိုင်ခန်းများ
#ကော်မတီထံပိုက်ဆံများများပေးနိုင်သူ
#နီးစပ်သူများ
#နေရာကောင်းရနေကြ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7