ခမ်းသားငေါဝ်း
ဧပြီ၂၇၊ ၂၀၂၅
https://www.facebook.com/share/p/1Dmzf7iZNQ/
နမ်းဗွဉ်ကျေးရွာအနီးတပ်စွဲထားသည့် PNO ပြည်သူ့စစ် တပ်သားဦးက သေနတ်ဖြင့် မိမိကိုယ်ကိုပစ်ခတ်အဆုံးစီရင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားဒေသ နမ့်ဗွဉ်ကျေးရွာအနီး တပ်စွဲထားသည့် PNO ပြည်သူ့စစ် တပ်ရင်း(၇) မှ တပ်သားတစ်ဦးသည် ဧပြီလ၂၅ ရက်နေ့တွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်းသိရသည်။
“တပ်တွင်းမှာ စကားများပြီး မိမိကိုယ်ကိုအဆုံးစီရင်သွားတာ။အဆုံးစီရင်သူက ဘုရားတောင် ကဘဲ။PNOက စစ်မှုထမ်းခေါ်ခံရတာ သူကစိတ်ပါလက်ပါ ဝင်ပေမယ့် ခုမှ ဘယ်လိုပြဿနာဖြစ်ပြီး ကိုယ့်ကိုကိုအဆုံးစီရင်တယ်ဆိုတာတော့မသိဘူး”ဟု သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
နမ်းဗွဉ်ကျေးရွာအနီး ဧပြီလ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားသေးကြောင်းသိရသည်။
စံကားတောင်ပိုင်း ဘုရားတောင်၊ နမ်းဗွဉ်၊ ရေပူကျေးရွာအနီးတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မကြာခန တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများ စစ်ရှောင်နေရပြီး အကူညီများလည်း လိုအပ်လျက်ရှိကြောင်းသိရသည်။
#PPV005
#ပြည်သူ့စစ်
#နမြ့ဗှဥြ
#စ့ကား
#PNO
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။