ခမ်းသားငေါဝ်း
ဧပြီ ၂၇၊ ၂၀၂၅
https://m.facebook.com/story.php?story_fbid=1103911198438726&id=100064595686020&mibextid=Nif5oz
နောင်ဝိုးကျေးရွာဆင်းမကြီးအပေါ်ဘက်တွင် စစ်ကောင်စီဗုံးထောင်ထားမှုကြောင့် ရွာသားများခြံမသွားရဲကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်ပိုင်းတောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နောင်ဝိုးရွာဆင်းလမ်းမကြီးအပေါ်ဘက်တွင််၂၀၂၄ ခုနှစ် ခုနှစ်လပိုင်းအချိန်မှ ယနေ့ထိစစ်ကောင်စီက ဦးသောင်ခြံအောက်ပိုင်းမှ လမ်းမကြီးအပေါ်နားအထိ ဗုံးထောင်ထားမှုကြောင့် ဒေသခံများခြံမသွားရဲကြကြောင်းသိရသည်။
“နတ်စင်အပေါ်ဘက်တက်တဲ့ လှေကားနားတစ်ဝိုက်နဲ့လမ်းတွေရှိတဲ့ဖက်ဆို သူတို့တွေဗုံးကိုတစ်လုံးနဲ့တစ်လုံးမဝေးဘဲ ခပ်စိပ်စိပ်နဲ့ထောင်ထားတွေရှိတယ် အဲ့နားကခြံကိုမသွားရဲဘူး “ဟုဒေသခံခြံပိုင်ရှင်ကပြောသည်။
စစ်ကောင်စီ ဗုံးထောင်ရခြင်းအကြောင်းရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်(pdf)များကနယ်မြေကျူးကျော်လာခြင်းနှင့် တောင်ပေါ်ဖက်ခြမ်းပေါ်တွင်တက်လာမည်ကိုစိုးရိမ်သောကြောင့်ဟု သိရသည်။
ထို့အပြင်တောင်ပေါ်တွင် ရှိသည့်ဒေသခံများပိုင်ဆိုင်သည့် တဲခေါင်မိုးကိုပိုင်ရှင်ခွင့်ပြုချက်မတောင်းပဲ စစ်ကောင်စီက ဖြုတ်ယူခြင်းများရှိနေကြောင်း သိရသည်။
“သူတို့ကင်းစောင့်ဖို့အတွက်ဆိုပြီး ကျွန်တော်တို့ရဲ့တဲခေါင်မိုးကိုယူတယ် သူတို့ကကျောက်ကြားမှာနေပြီးကျောက်နှစ်ခုပေါ်မှာ ကျွန်တော်တို့ရဲ့ခေါင်မိုးကိုအမိုးအနေနဲ့သုံးပြီး ယူကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည်တောင်ပေါ် ရှိ ကာလာဝိတ်အရှေ့အောက်ပိုင်းနှင့် နောင်ဝိုးရွာနားအဆင်းလမ်းရှိအနောက်ဘက်တောင်တန်းတစ်ကြောတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။
PPV-009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#နောင်ဝိုးရွာဆင်းလမ်းမကြီး
#ဗုံးထောင်ထားမှုကြောင့်
#ဒေသခံများခြံမသွားရဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7