ခမ်းသားငေါဝ်း
ဧပြီ ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/1EBeNJKUFK/
အခြေခံစားသောက်ကုန်သယ်ယူခွင့်ကန့်သတ်ခံရသည့်ပင်လောင်းမြို့တောင်ပိုင်းတွင် ဘိန်းစေ့ကိုအဆီထုတ်ပြီး စားသုံးမှုများလာသဖြင့် လေဖြတ်သူ၊သွေးတိုးဖြစ်သူ များပြားလာကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် တောင်ဖက်ကျေးရွာများတွင်ဆီစျေးအဆမတန်စျေးတက်ခြင်းကြောင့် ဒေသတွင်း ရရှိသည့် ဘိန်းစေ့ကို အဆီထုတ် စားသုံးလာကြရသည်။
“ဘိန်းစေ့ ဆီ စားလို့ မူးတာ ၊လက်တွေကွေးသွားတာ၊ ကောက်တဲ့ရောဂါဖြစ်သွားတာ ၊အအေးဒဏ်မခံနိုင်တော့တာ၊ ဗိုက်အောင့်တာတွေလာပြတာများတယ်။ ဘိန်းစေ့ဆီကို လျှော့စားဖို့ ပြောပေမယ့် မရဘူး။ အဲတာနဲ့ပတ်သက်ပြီး ရွာတွေထဲ အသိပညာပေးတာမျိုး လိုအပ်တယ်”ဟု တောင်ထီဗွာကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာမှ တာဝန်ကျ ဆရာဝန်တစ်ဦးကပြောသည်။
ပင်လောင်းမြို့တွင် အခြေခံစားသုံးကုန်ဖြစ်သည့် ဆန်၊ဆီ များကို စစ်ကောင်စီနှင့်PNOပြည်သူ့စစ်က သယ်ယူခွင့်မပြုသောကြောင့် ကုန်စျေးနှုန်းလည်း အဆမတန် စျေးတက်နေကြောင်းသိရသည်။
ဒေသခံတစ်ဦးက”တစ်ရွာလုံးလည်း ဘိန်းစိုက်နေတာလေ ဘိန်းစေ့ကို အရင်ဆို ရောင်းဘဲရောင်းကြတယ်။ ခုနောက်ပိုင်းတော့ ဆီဘဲ ပြန်ကြိတ်စားကြတယ်။ဆီစျေးက စျေးကြီးနေတာကို ဝယ်မစားနိုင်တော့ဘူး ဘိန်းဆီစားလို့ ကျန်မာရေးထိရင်တောင် ဆယ်ယောက်မှာ တစ်ယောက်ပဲရှိမယ်”ဟု ပြော သည်။
ပင်လောင်းတောင်ဖက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသခံများက ဘိန်းကို အဓိကစိုက်ပျိုးကြပြီး ဘိန်းမဲစျေးလည်း ၁ ပိဿာ (၁၁) သိန်း အထိစျေးကောင်းရရှိလျက်ရှိကြောင်းသိရသည်။
ထိုဒေသတွင် စစ်ကောင်စီ နှင့်တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အခြေခံစားသောက်ကုန်များသယ်ယူခွင့်ကို စစ်ကောင်စီကန့်သတ်လိုက်ကြောင်းသိရသည်။
photo credit
#PPV005
#ကျန်းမာရေး
#ဘိန်းစေ့
#ဆီ
#ပင်လောင်းမြို့
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။