ခမ်းသားငေါဝ်း
ဧပြီလ ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/1RotuHzbZ8/
စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းအဖွဲ့၀င် ၆ ဦး ဧပြီလ ၁၆ ရက်နေ့တွင် လက်နက်နှင့်တကွ အလင်း ၀င်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီမောဆို DMO Local PDF က ထုတ်ပြန်ထားသည်။
အဆိုပါအလင်း၀င်လာသူများ နှင့်အတူ MA 1 သေနတ် ၅ လက်၊ MA 1 ကျည် ၄၄၅ ထောင့်၊ ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၁၄ မိုင်း ၃ လုံး၊ ကျည်ကာ ၄ ထည်၊ အိုင်ကွန် ၁ လုံး၊ ဖုန်း ၇ လုံး ယူဆောင်လာခဲ့ကြောင်းသိရသည်။
၎င်းတို့ကို အလင်း၀င်ရောက်လာသည့်အတွက် ကနဦး ထောက်ပံ့ငွေ အဖြစ် ကျပ် ၆၅ သိန်းထာက်ပံ့ပြီး ကျန်ရစ်သူမိသားစုများ နှင့် အကြောင်းကြားဆက်သွယ်နိုင်ရန် ကူညီဆောင်ရွက်ပေးကာ ကောင်း မွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားကြောင်း DMO Local PDF ကဆိုသည်။
လက်နက်ချအလင်း၀င်လာသည့် CDM တပ်သားများထွက်ဆိုချက်အရ တပ်တွင်း၌ မူးယစ်ဆေးဝါး WY အားစိတ်ကြိုက်သုံးစွဲရောင်း၀ယ်ခွင့်ရှိကြောင်း နှင့် အနိုင်ကျင့် ညဉ်းပန်းနှိပ်စက်ခြင်း မကြာခဏခံစားရကြောင်း သိရသည်။
#PPV 003
#နိုင်ငံရေး
#အလင်းဝင်
#စစ်ကောင်စီ တပ်
#ပြည်သူ့စစ်မှုထမ်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။