ခမ်းသားငေါဝ်း
ဧပြီ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/16dJMn5aoV/

စစ်ကောင်စီနှင့် အထက်လူကြီးနှိပ်စက်မှုကို မခံနိုင်တာ့၍ ဧပြီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ PNO တပ်သား ၁ ဦးလက်နက်နှင့်တစ်ကွထပ်မံ အလင်း၀င်လာခဲ့ကြောင်း ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထံသိရသည်။

အလင်း၀င်လာသည့် သူ၏ ထွက်ဆိုချက်အရ စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်သည် ကျေးရွာအတွင်းရှိပြည်သူများ၏ စည်းစိမ်ပစ္စည်းများခိုးယူခြင်း၊ လက်အောက်ငယ်သားများကို ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” အဓိက ကတော့ သူတို့အထက်လူကြီးတွေ၊ စစ်ကောင်စီတပ်သားတွေက သူတို့ကို နှိပ်စက်တယ် ပေါ့လေ တုတ်တွေနဲ့ရိုက်တယ်၊ အရိုက်ခံခဲ့ရတဲ့ ဒဏ်ရာတွေရှိပါတယ်၊ ပြီးတော့ စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တွေက ပြည်သူတွေရဲ့ပစ္စည်းကို လုယက်ယူငင် နေတာတွေကို မမြင်ရက်တော့ဘဲ ထွက်ပြေးလာတာဖြစ်ပါတယ်” PNLA ပြောရေးဆို ခွင့်ရှိသူ ခွန်ရိန်းယံ က ခမ်းသားငေါဝ်းကို ပြော သည်။

အဆိုပါ အလင်း၀င်လာသည့် PNO တပ်သားသည် M 22 သေနတ်တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၀ ခန့် ယူဆောင်လာခဲ့ ကာ ၎င်းတပ်သားကို PNLAမှ ဆေးကုသ ပေးခဲ့ပြီးဆုငွေများချီးမြင့်ကာ သွားလိုသည့် နေရာကို ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီအထက်လူကြီးများ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်သာကြောင့် PNO ပြည်သူ့စစ် တပ်သားတစ်ဦးလက်နက် နှင့် တကွအလင်း၀င်လာခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်။

ကျွန်တော်တို့ ပအိုဝ်းအချင်းချင်းသည် ရန်သူမဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ်သည်သာ တစ်နိုင်ငံလုံးရှိ ပြည်သူ၏ ရန်သူဖြစ်ကြာင်း၊ ထို့ကြောင့် အမှန်တရားကို သိရှိနားလည်နိုင်ကြဖို့လိုအပ်ကြောင်း PNLA ကတိုက်တွန်းထားသည်။

#PPV 003
#နိုင်ငံရေး
#အလင်းဝင်
#PNO
#PNLA

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။