ခမ်းသားငေါဝ်း
ဧပြီလ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1A9JBd2cSR/
လောက်ကိုင်မြို့ MNDAA အုပ်ချုပ်နယ်မြေတွင် နေထိုင်ခွင့်ကတ်မရှိသူများ၊ သက်တမ်းကုန်နေသူများကို တင်းကြပ်စွာဖမ်းဆီး နေရပ်ပြန်ပို့မှု လုပ်ဆောင်နေ ကြောင်း ဧပြီလ(၂၅)ရက်မှာ စုံစမ်းသိရှိရသည်။
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် အခြားဒေသမှ အလုပ်လုပ်ကိုင်နေသူများ၊ အလည်အပတ်သွားသူများ နေထိုင်ခွင့်ကတ်ပြုလုပ်ရန် လိုအပ်ပြီး နေထိုင်ခွင့်ပြုလုပ်ရာတွင်လည်း လောက်ကိုင်မြို့နေထိုင်သည့် လောပန်း၊ လုပ်ငန်းရှင်မှ ထောက်ခံပေးမှု လိုအပ်ကြောင်း လောက်ကိုင်မြို့ အလုပ်လုပ်ကိုင်သူထံမှ သိရသည်။
“အခုက နေထိုင်ခွင့်ကတ် လုပ်ဖို့လည်း ပြောထားပြီးဆိုတော့ မရှိတဲ့သူ ဖမ်းမိရင် နေရပ်ပြန်ပို့တာတို့ လုပ်တယ်။ တုံချိန်မြို့နယ် ရဲစခန်းမှာ လုပ်ပေးတယ်။ လူမျိုးကန့်သတ်တာတော့ မကြားမိဘူး ဘာလူမျိုးမဆို ဒေသခံမဟုတ်ရင် နေထိုင်ခွင့် လုပ်ရတယ်။ ပိုတင်းကြပ်တာပေါ့။ ဘယ်သွားသွား ဈေးဝယ်ကအစ သတိထားနေရတယ်”ဟု လောက်ကိုင်မြို့ အလုပ်လုပ်နေသူက ပြောသည်။
နေထိုင်ခွင့်ကတ် ပြုလုပ်ရာတွင် သက်တမ်းအနေဖြင့် (၃)လ (၆)လမှ (၁)နှစ်အထိ ပြုလုပ်လို့ရပြီး ဈေးနှုန်းအနေဖြင့် လက်ရှိမှာ မြန်မာငွေကျပ်(၂)သိန်းကျော်အထိ ရှိကြောင်း ၎င်းကဆက်ပြောသည်။
ထို့အပြင် မြို့တွင်း ဖြစ်ပေါ်လာနိုင်သည့် ဒုစရိုက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် အခြားဒေသမှ ရွှေ့ပြောင်းနေထိုင်သူများ၊ စီးပွားရေးသမားများ၊ အခြေခံလူတန်းစား အလုပ်သမားများအားလုံး နေထိုင်ခွင့်ကတ် ပြုလုပ်ရမည် ဖြစ်ကြောင်း ဧပြီလ (၂၃)ရက်မှာ MNDAAမှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
နေထိုင်ခွင့်ကတ် ပြုလုပ်ရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း သို့မဟုတ် ထောက်ခံပေးသူ လိုအပ်ကြောင်း သိရသည်။
#PPV0011
#နိုင်ငံရေး
#MNDAA
#လောက်ကိုင်
#ကိုးကန့်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။