ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/164Mk61BRH/
အင်းလေးဒေသတွင်ပြင်းထန်သည့် ငလျင်ကြောင့် မြေထုရှိမြေသားတက်လာပြီး ရေခန်းသည့်အပြင် ယခုလ နွေရာသီ ပူပြင်းသဖြင့် ရေခန်းခြောက်၍ ကျေးရွာတချို့ သွားလာရေး ခက်ခဲနေကြောင်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကြီးမားသည့် ငလျင်ဒဏ်ကို ခံခဲ့ပြီး နွေရာသီ ရေခန်းခြောက်မှုကြောင့် ကမ်းစပ်ရှိကျေးရွာ တချို့ ပြန်လည်ထူထောင်ရေး သွားလာရခက်ခဲနေကြောင်း ဒေသခံတစ်ဦးမှပြောသည်။
“အဓိကတော့ ကြီးကြီးမားမားငလျင်လှုပ်တဲ့နေရာဗျာ ရေလယ်၊ ကေလာတို့ ၊ဇရပ်ကြီးတို့ နမ့်ပန်တို့က သွားလို့ လာလို့လွယ်တယ်ဗျ ဒီချိန်ကတော့ စက်လှေ နဲ့သွားလို့အဆင်ပြေသေးတယ် ဆိုးတာက ကမ်းစပ်နားရွာတွေ ပေါ့ဗျာ အများကြီးမထိခိုက်ပေမယ့် ထိတော့ထိတယ် အိမ်တွေ ရွဲ့စောင်းသွားတာတွေ ပေါ့နော် အဲ့တာတွေပြုပြင်ဖို့ကတော့ သွားရေးလာရေး ခက်ခဲတယ် ပင်ပန်းတယ်ပေါ့နော် စက်လှေနဲ့သွားတော့လည်း ရေကနည်းနေတော့ ပစ္စည်းတွေ သယ်ရ ပြုရ တာတွေ ပင်ပန်းတယ်”ဟု အင်းလေးဒေသခံတစ်ဦးမှခမ်းသားငေါဝ်းကို ပြောသည်။
စက်လှေဖြင့် သွားရခက်ခဲသည့် ကမ်းစပ်ကျေးရွာတွင် အင်းလေးဒေသ အရှေ့ဘက်ခြမ်းရှိ သလဲဦး ၊ ပေပင်အင်း နှင့်အနောက်ခြမ်းရှိ ကြေးစားကုန်း၊ လင်းကင်း စသည့်ရွာများသည် ကုန်းလမ်းကနေ သွားလို့ ရသော်လည်း တချို့နေရာများက ကုန်းမကျ ရေမကျ နေရာဖြစ်၍ သွားရခက်ခဲကြောင်းသိရသည်။
“ရေကလည်းခြောက်ပြီး တစ်ရွာနဲ့တစ်ရွာ သွားရတာကလည်း ခရီးက နည်းနည်းထောက်တယ်၊ ထောက်တော့ စက်လှေနဲ့သွားကူရတာပေါ့ ယိုင်သွားတဲ့အိမ်တွေ ပြန်ထောင်ပေး၊ ရေနည်းတဲ့အတွက် စက်လှေမောင်းရတာ ပိုပြီး အားပိုစိုက်ရတယ် ကျွန်တော်တို့ဆိုရင် မနေ့က စက်လှေတစ်စီး ပျက်စီးသွားတယ်”ဟု ၎င်း ကဆက်ပြောသည်။
ပူပြင်းသည့်ရာသီအင်းလေးဒေသတွင် သောက်ရေသန့်အတွက် အလှူရှင်များလှူဒါန်းထားသည် သောက်ရေသန့်စက် အသုံးပြုနေရပြီး၊ ရေများခန်းခြောက်နှောက်သွားသဖြင့် သုံးရေအတွက် အခက်အခဲရှိကြောင်းသိရသည်။
ငလျင်ဒဏ်ကြောင့် အင်းလေးဒေသပြန်လည်ထူ ထောင်ရေးအတွက် အချိန် ကြာမြင့်စွာယူရမည်ဖြစ်ပြီး မိုးရာသီချိန် ၌ ပိုမိုအခက်အခဲ ရှိနိုင်ကြောင်းနှင့် အင်းလေးဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပြန်လည်အားတွန်းခွန်စိုက်လုပ်ရမည့် အနေအထားကိုရောက်နေပြီးဖြစ်၍ ပြီးခဲ့သည့် ၂၀၂၄ အတွင်ရေကြီးပြီး နောက်နှစ်တွင်လည်း ၎င်း ထက် ရေထပ်မံကြီးနိုင်သောကြောင့် အင်းလေး ဒေသ သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်းဖို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်းသေခံကပြောသည်။
photo credit
#ppv013
#humantarian
#အင်းလေး
#ရေခန်း
#သွားလာရေး
#ပြန်လည်ထူထောင်ရေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။