ခမ်းသားငေါဝ်း
ဧပြီလ ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/19cxKDusHk/

ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ငလျင်ကြောင့် ထိခိုက် သေဆုံး ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့ပြီး ယခုချိန်ထိ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဧပြီလ(၂၅)ရက် ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့‌သော ငလျင်ဒဏ်ကြောင့် ကျေးရွာ(၃၅)ရွာမှ လူ(၃)ဦးသေဆုံးပြီး (၁၂)ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်အဆောက်အအုံပေါင်း (၇၆၅)ခန့် ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း နေအိမ်ပျက်စီးမှုကြုံတွေ့နေရသူများ အကူအညီရရှိမှု နည်းပါးနေလျှက်ရှိပြီး ပျက်စီးမှုဆိုင်ရာ အချက်အလက်သည်လည်း မီဒီယာပေါ် ဖော်ပြနိုင်မှုအားနည်းနေကြောင်း ဖော်ပြထားသည်။

ပင်လောင်းမြို့နယ်အတွင်း ငလျင်ဘေးကြောင့် လိုအပ်မှုသည် လတ်‌တလောလိုအပ်ချက်နှင့် ရေရှည်အတွက် လိုအပ်ချက် အကူအညီ လိုအပ်နေကြောင်း သိရသည်။

လတ်တလောအကူအညီလိုအပ်ချက်သည် ယာယီနေထိုင်ရန်တဲများ၊ အမိုးအကာနှင့်အခင်းများ၊ အ‌ရေးပေါ် ကျန်းမာရေးလိုအပ်ချက်နှင့် ငွေကြေးပံ့ပိုးမှုများ လိုအပ်နေကြောင်း သိရသည်။

‌ပျက်စီးသွားသည့် နေအိမ်များပြန်လည်ပြုပြင်ရန် သွပ်၊ အုပ်၊ ဘိလပ်မြေ၊ ရေကန်များ ပြန်လည်ပြုပြင်ရန် အကူအညီများ၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့ မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အကူ အညီ၊ စိုက်ပျိုးရေး မျိုးစေ့အကူအညီ၊ လမ်းပန်း ဆက်သွယ်ရေး ပြန်လည်ပြုပြင်ရန် အကူအညီများနှင့် လူမှုဖူလုံရေး အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ(၂၈)ရက်က ပြင်းအား(၇.၇)ရှိသော စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး ရှမ်းကုန်းပြင်မြင့်၊ နေပြည်တော်နှင့် ပဲခူးစသော ဒေသရှိ လူပေါင်း (၄၄၂၆)ဦး သေဆုံးမှု ရှိခဲ့ပြီး (၁၁၃၆၆)ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် အဆောက်အဦးများစွာ ထိခိုက် ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

#PPV0011
#သဘာဝဘေး
#အကူညီလိုအပ်
#ပင်လောင်း
#ငလျင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။