ခမ်းသားငေါဝ်း

ဧပြီ ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/1AY5YvtYM3/

စစ်ကောင်စီသည် (၂၀၂၂)ခုနှစ် နှစ်လယ်မှစကာ ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက်မြို့နယ်တို့တွင် လူအခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြင်းထန်စွာ လုပ်ဆောင်လျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ဧပြီလ(၂၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံနှင့်ထိစပ်နေသည့်မြို့နယ်များ မန္တလေးတိုင်းတို့တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ဒေသခံပျူစောထီးများက ဒေသခံများအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို (SHRF)ကမှတ်တမ်းတင်ထားကြောင်း ဆိုထားသည်။

“စစ်ကောင်စီအနေနဲ့ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ဖိနှိပ်လို့ရအောင် ပြည်သူကို တမင်နှိပ်စက်ပြတယ်လို့ပဲမြင်ပါတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှစကာ ရွာငံမြို့နယ်ရှိ ကျေးရွာ(၅)ရွာတို့တွင် ဒေသခံများကို တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ညှင်းပန်းနိပ်စက်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ဖောက်ထွင်းလုယူမှုနှင့် နေအိမ်မီးရှို့ဖျက်စီးခြင်း စသည့်အကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ပိုမိုပြင်းထန်လာသော ညှင်းပန်းနှိပ်စက်မှုများ၊ နေအိမ်မီးရှို့ဖျက်စီးခံရမှုများကြောင့် ယခုချိန်တွင် နေရပ်စွန့်ခွါထွက်ပြေးသူ (၁)ထောင်ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုကတော့တောတောင်ထဲမှာပဲ ဒေသခံတွေကတိမ်းရှောင်နေရတယ်၊ တော်တော်လေးကိုဒုက္ခရောက် နေကြတယ် ကူတဲ့လူကကူပေးတယ်ဆိုပေမဲ့ တစ်ချိန်လုံးအတွက်လည်း မလုံလောက်နိုင်တော့ အခုဆို ဆန်တွေ အမိုးအကာတွေကအစ လိုအပ်နေတယ်” ဟု၎င်းတာဝန်ခံတစ်ဦး ပြောသည်။

စစ်ရှောင်ကလေးများသည် အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျောစသည့်ရောဂါများ ဖြစ်ပွားနေသဖြင့် ဆေးဝါးနှင့် ကျန်မာရေးစောင့်ရှောက်မှုအကူအညိများလိုအပ်နေပြီး ရွာငံဒေသတွင် နေ့စဥ်နှင့်အမျှ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများပြုလုပ်နေသောကြောင့် သွားရောက်ကူညီရန်အတွက်လည်း အခက်အခဲရှိနေကြောင်း သိရသည်။

ဒေသခံလူထုများသည် ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့နေရေသော်လည်း လူသားချင်းစာနာမှု အကူအညီများက ယခုအချိန်ထိလုံးဝမရသလောက်နီးပါးဖြစ်နေကြောင်း သိရသည်။

#PPV007
ပုံ-ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)
#ငံမြို့နယ်နှင့်အနီးတစ်ဝိုက်မြို့နယ်
#လူအခွင့်အရေးချိုးဖောက်မှုများ
#ပိုမိုပြင်းထန်စွာလုပ်ဆောင်လျက်ရှိ
#ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်
#SHRF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7