ခမ်းသားငေါဝ်း
ဧပြီ၂၄၊၂၀၂၅

https://www.facebook.com/share/p/1CMS48hnkJ/

ဘုရားဖြူရပ်ကွက် ဩတချောင်းအဆင်းလမ်းတွင် အသက် ၂၀ ကျော် အမျိုးသမီး ရုပ်အလောင်း စွန့်ပစ်ထားသည်ကိုတွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ ၅၊ သြတချောင်းအဆင်းလမ်း ၂၄ ပေရေ ကန်အနီး တွင် ဧပြီ ၁၉ ရက်နေ့က ပုပ်ပွနေသည့်အမျိုးသမီးအလောင်းတွေ့ရှိကြောင်းသိရသည်။

“အလောင်းက ရုပ်တောင် မမှတ်မိတော့ဘူး ပြောတယ်။ စစ်တပ်က အုတ်တံတိုင်း ခတ်ထားတော့ ဘေးနားက အိမ်တွေက လူတွေက မသိကြတာ ၊ ပုတ်စော်နံလို့ ရှာကြည့်မှ သိတာလို့ ပြောတယ်။ သူတို့ ပြောတာ အရင်နေ့တွေတုန်းက ဖြတ်သွားတိုင်း သရဲခြောက်တယ်လို့ ပြောတယ်။ ၂ ရက် ၃ ရက် လောက် ရှိပြီလို့ပြောတယ်။”ဟု တွေ့ရှိခဲ့သူ တစ်ဦးက ဆိုသည်။

ပုပ်ပွနေသော အလောင်းကို ရဲကလာယူသွားပြီး ၊ ဩတချောင်းအဆင်းလမ်း နေရာ အုတ်တံတိုင်း အတွင်းဘက်ခြမ်းတွင် ပစ်ထည့်သွားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသော အမျိုးသမီးငယ်သည် အသက် ၂၀ ကျော် ဖြစ်ပြီး၊ ဘုရားဖြူရပ်ကွက် ၊ နယ်မြေ ၅ ၊ ၂၄ ပေကန်အနီးတွင် သတ်ဖြတ်ပြီး စွန့်ပစ်ခံထားရသော ပုံစံ ဖြစ်ကြောင်း ၊ ပုပ်စော်နံမှ သိရသဖြင့် ရက်အတန်ကြာမြင့်နေပြီ ဖြစ်ကြောင်းသိရသည်။

သေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို ခမ်းသားငေါဝ်း မှစုံစမ်းဆဲဖြစ်ပြီး သီးခြာစအတည်ပြုနိုင်ခြင်းမရှိသေးပါ။

#PPV-006
#မှုခင်း
#ဘုရားဖြူ
#လူသေအလောင်း
#သြတချောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

.