ခမ်းသားငေါဝ်း
ဧပြီ ၂၃၊ ၂၀၂၅
https://www.facebook.com/share/p/19AvyLPmcV/
တောင်ကြီးမြို့ပေါ်ရှိ Ocean Center ကို ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်ခဲ့သော်လည်း မြို့ခံတချို့ အဆောက်အဦး၏ ကြံ့ခိုင်မှုအပေါ် စိုးရိမ်နေကြကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ Ocean Center အဆောက်အဦးသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၌ ငလျင်ကြောင့် ထိခိုက်မှုများကြုံတွေ့ရ၍ ငလျင်လှုပ်ပြီး ၂၄ ရက်အကြာ ဆိုင်ခန်းများပြန်လည်းဖွင့်ခဲ့သော်လည်း မြို့ခံ တချို့ အဆောက်အဦး ခိုင်မြဲမှုအပေါ် စိုးရိမ်နေကြသည်။
“ကြောက်လို့မသွားရဲဘူး၊ မနေ့ညတောင်ငလျင်က ထပ်လှုပ်သေးတာကို ဝယ်စရာရှိရင် စတိုးဆိုင်တွေ လမ်းဘေးမှာ အများကြီးကို ၊ ocean မှ မဟုတ်ဘူးလေ” ဟု အိမ်ရှင်မ တစ်ဦး ကပြောသည်။
၎င်း နေရာကို မသွားရဲသေးကြောင်းနှင့် အဆောက် အဦး၏ ပြန်လည်ပြုပြင် ထားသည့် အပေါ် ယုံကြည်မှုနည်းကြောင်းသိရသည်။
နောက်ထပ် မြို့ခံအဒေါ်ကြီး တစ်ဦးက“မသွားရဲဘူးလေ ၊ ပြိုမှာကြောက်တယ်လေ၊ ပြန်ပြုပြင် ပေးထားလည်း ခိုင်လို့လား ၊ ပြောမရဘူး အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုတ်၊ သွားရဲတဲ့သူတောင်မသွားဘူးထင်တယ်၊ ပြုပြင်တာ အဲ့လောက်ပဲ မရဘူးလေ ယိုင်နေပြီးလေ” ဟုပြောသည်။
တောင်ကြီး Ocean Center ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အင်ဂျင်နီယာများက ဧပြီ ၁၈ ရက်နေ့မှစတင်၍ ခွင့်ပြုလိုက်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသော်လည်း မြို့ခံများ အနေနဲ့ စိုးရိမ်မှုရှိနေသေးကြောင်းသိရသည်။
“သိပ်တော့ မသွားရဲဘူး သေနေရင်ဘယ်လိုလုပ်မှာလည်း ကြောက်တယ်လို့၊ ပြန်ပြုပြင်ထားလည်း မြန်မာနိုင်ငံဟာဆို မယုံဘူး၊ သူတို့အပြင်ကဟာဘဲ ပြန်ဖာလိုက်တာ အဲ့လောက်မလုပ်လောက်ဘူး ၊ ပညာရှင်တွေကပြန်ပြုပြင်ထားလည်း အခုတော့မသွားရဲသေးဘူး ငလျင်ထပ်လှုပ်မှာဆိုးလို့” ဟု လူငယ် တစ်ဦးမှ ပြောသည်။
မတ်လ ၂၈ ရက်ငလျင်ကြီးလှုပ်ခတ်ပြီး နောက် မတ်လ ၂၉ ရက်နေ့မှစတင်၍ ထိခိုက်ပျက်စီးမှုများရှိခဲ့သော တောင်ကြီးရှိ City Mart ၊ Ocean နှင့် City Care ဈေးဝယ်စင်တာများကို ရက်အကန့်အသတ်မရှိပိတ်ခဲ့ပြီးနောက် တောင်ကြီး Ocean Center ကို ယနေ့ ဧပြီလ ၂၃ ရက်နေ့ တွင်ပြန်လည်ဖွင့်လှစ်ထားပြီး တချို့ဆိုင်ခန်းမှာ ပြန်လည်းပြုပြင်မွမ်းမံနေဆဲ ဖြစ်ကြောင်းသိရသည်။
PPV0013
ပုံ-ခမ်းသားငေါဝ်း
#တောင်ကြီးမြို့
#Ocean
#Center
#ပြန်လည်ဖွင့်
#အဆောက်အဦး၏ကြံ့ခိုင်မှုအပေါ် စိုးရိမ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7