ခမ်းသားငေါဝ်း

ဧပြီ ၂၃၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1100795815416931&id=100064595686020&mibextid=Nif5oz

လားရှိုးမြို့တွင် မနက်ပိုင်း ကလေးစာသင်ပြီး ပြန်လာသည့် အမျိုးသမီး(၁)ဦး ဓားပြတိုက်ခံရကြောင်း ဧပြီလ(၂၃)ရက်၌ ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်ဧပြီလ(၂၃)ရက် မနက်(၈)နာရီဝန်းကျင်၌ လားရှိုးပါရမီလမ်းသွယ် (၂၀၇)၊ ထင်းရှူး သွားလမ်းတွင် အမျိုးသမီး(၁)ဦးသည် ကလေးစာသင်အပြီး ပြန်လာချိန် အမျိုးသား(၂)ဦးမှ ဓားပြတိုက်ခြင်းခံရကြောင်း ဖြစ်စဉ်သိရှိသူထံမှ သိရသည်။

“အဲ့လမ်းက လူပြတ်တယ်။ မိန်းကလေးတစ်ယောက်တည်းဆို အသွားအလာ ဂရုစိုက်ဖို့လိုတယ်။ ဓားပြကိုခုခံရင်း လက်ကို ဓားခုတ်ခံရတယ်ကြားတယ်။ ခုလိုအချိန်ဆို ပိုဆိုးပေါ့ ဖြစ်လာရင် ဘယ်သူက တာဝန်ယူပေးမလဲဆိုတာလည်း မသိဘူး။ ဘယ်သူ့ကို သွားတိုင်လို့သွားတိုင်ရမှန်းလည်း မသိဘူး။ အဲ့လမ်းမှာ မကြာခဏဖြစ်တယ်။ အရင်ရက်တွေကလည်း မိန်းကလေး တစ်ယောက် ပိုက်ဆံအိတ်လုခံရလို့ (၁၀)သိန်းကျော် ပါသွားသေးတယ် ပြောတယ်”ဟု ဖြစ်စဉ်သိရှိသူ ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။

ထိုဖြစ်စဉ်တွင် အဆိုပါအမျိုးသမီး၏ ဖုန်းကိုလုရင်း ဓားပြဖြစ်သူမှ အမျိုးသမီး၏ လည်ပင်းကို ဓားရှည်ဖြင့် ခုတ်ဖို့ရွယ်ရာ လက်ဖြင့်ကာလိုက်သောကြောင့် လက်မှာဒဏ်ရာ ရသွားကြောင်း ကံယကံရှင်၏ အမ ဖြစ်သူက လူမှုကွန်ရက်(Facebook)မှာ တင်ထားသည်ကို တွေ့ရသည်။

လားရှိုးမြို့တွင် လက်ရှိ အပြောင်းအလဲ ကာလတွင် သူခိုးဓားပြပိုမိုဆိုးလာပြီး လူမရှိသည့် နေအိမ်များတွင် နေ့စဉ်ရက်ဆက် ပစ္စည်းရှာဖွေ ခိုးယူမှု ရှိနေကြောင်း ဒေသခံထံမှ သိရသည်။

လက်ရှိ လားရှိုးမြို့တွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAAမှ မြို့ထဲ ဆုတ်ခွာပြီး စစ်ကောင်စီတပ်များ ပြန်လည်အုပ်ချုပ်ဖို့ရန် ရောက်‌ရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ကိုးကန့်တပ် MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့များမှ (၂၀၂၄)ခုနှစ် ဩဂုတ်လ(၃)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

PPV0011
ပုံ-အွန်လိုင်း
#မှုခင်း
#လားရှိုးမြို့
#လားရှိုးပါရမီလမ်းသွယ်
#ထင်းရှူးသွားလမ်း
#ကလေးစာသင်အပြီးပြန်လာချိန်
#ဓားပြတိုက်ခြင်းခံရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7