ခမ်းသားငေါဝ်း
ဧပြီ ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/15YJoiRHv1/

ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စုတွင် PNO ပြည်သူ့စစ်အတွက် လစဉ်တစ်အိမ် ငါးထောင်ကောက်ခံပြီး PNO အုပ်ချုပ်ရေး(အွိုင်ႏ) နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများကို မကောက်ရန် စာထုတ်အကြောင်းကြား ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စုအတွင်းတွင် ပြည်သူ့စစ်အတွက် ငွေကောက်ခံခြင်းကို နှစ်လစာအတွက်ကို ဧပြီ ၂၆ ရက်နေ့နောက်ဆုံးထားပေးပို့ရန် အမိန့်စာထုတ်အကြောင်းကြား လာကြောင်းသိရသည်။

‘’(အွိုင်ႏ) လူကြီးကိုတော့ ငွေမကောက်ဖို့ မှတ်ချက်စာနဲ့ ရေးထားပေးတယ်၊ ရွာသားတွေကတော့အကုန်ကောက်တဲ့၊ ရွာသားတွေသဘောက ကောက်ရင်အကုန်လုံးကောက်စေချင်တယ်၊ ခုက အွိုင်ႏဥက္ကဌတွေက မထည့်ချင်လို့ သူ့ရဲ့စာရေးကနေ စာထုတ်ခိုင်းနေတာ။ ငွေလည်း သူ့ရဲ့စာရေးအိမ်ကို ပို့ဆောင်ဖို့ ပြောနေတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လွယ်အွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ်အတွက် ကောက်ခံရရှိသည့်ငွေများကို အွိုင်ႏလူကြီး၏ စာရေးဖြစ်သူ ဟိုပုံးမြို့ နောင်တောင်းတွင်နေထိုင်သည့် ခွန်သုတ ထံအပ်နှံရမည်ဖြစ်ကြောင်း အမိန့်စာထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီအတွက် ကောက်ခံရာတွင်လည်း ရွာသားများကထည့်ရသည့်အတွက် ဒီလိုခေတ်ပျက် အလွန်ခက်ခဲသည့်ကာလတွင် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အခက်ခဲပိုမိုကြုံတွေ့နေရကြောင်း ဒေသခံများထံသိရသည်။

ပအိုဝ်းဒေသတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူကသပ်သပ်၊ PNO ကခန့်အပ်ထားသည့် ဒေသအာဏာပိုင် (အွိုင်ႏ) ကသပ်သပ်ရှိပြီး အွိုင်ႏလူကြီးက လက်နက်ကိုင်ထားသည့်အတွက် ပိုပြီးအာဏာရှိကြောင်းသိရသည်။

လွယ်အွန်းကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက ဦးပညာဖြစ်ပြီး၊ PNO အွိုင်ႏဥက္ကဌသည် ဦးဌေးဖါစွာ ဖြစ်ကြောင်း သိရသည်။

လွယ်အွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့သည့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာသူကြီးပြုလုပ် မည့်သူမရှိဘဲ ဆယ်အိမ်ခေါင်းသာရှိပြီး အလှည့်ကျတာဝန်ယူပေးနေရကြောင်းသိရသည်။

#ppv002
#Humanright
#ပြည်သူ့စစ်
#ငွေကောက်ခံ
#လွယ်အွန်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။