ခမ်းသားငေါဝ်း
ဧပြီလ ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1FNpqJWMjQ/

အပစ်ရပ်ကာလတစ်ပတ် ထပ်တိုးကြောင်း ကြေငြာသည့်နေ့တွင် စစ်ကောင်စီက ဆီဆိုင်မြို့တောင်ဘက်မှ PNLO ဌာနချုပ် ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA ကဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ် PNLO ဌာနချုပ်ရှိရာ ဗန်းမက်ဒေသကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီ ၂၂ ရက်က စစ်ကောင်စီ လက်နက်ကြီးဖြင့် ၈ ကြိမ်ပစ်ခတ်သလို နောင်ထောဝ်ဒေသကိုလည်း နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

” သူတို့ထုတ်ပြန်ချက်နဲ့သူတို့လုပ်ရပ်က ကွဲပြားနေတယ်၊ သူတိုကတကယ်ငြိမ်းချမ်းရေးကိုမလိုချင်ဘူး၊ တည်ငြိမ်မှုကိုမလိုချင်ဘူးဆိုတာပြသနေတဲ့လုပ်ရပ်ပဲ၊ စစ်ရေးလှုပ်ရှားမှုမရှိတဲ့နေရာကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ တမင်သက်သက်လုပ်ရပ်ပဲ”ဟု PNLA ပြောခွင့်ရှိသူ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်း ကိုပြောသည်။

သင်္ကြန်ကာလမပြီးသေးသည့် ပအိုဝ်းရင်းသားများသည် ဘုန်းကြီးကျောင်းတက်အလှူလုပ်သည့်ကာလ၌ လက်နက်ကြီး ပစ်ခတ်၍ ဒေသခံများထွက်ပြေးခဲ့ရကြောင်းသိရသည်။

ထိုသိုကျေးရွာသို့လက်နက်ကြီးပစ်ခတ်၍ ကွဲသည့်အလုံးများရှိသလိုမကွဲသည့်အလုံးလည်းရှိပြီး လူသူထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ဧပြီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ တပတ် ထပ်တိုးလိုက်ကြောင်း ယနေ့ (ဧပြီလ ၂၂ ရက်) နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့ စတင်ခဲ့သည့် ရက် ၂၀ ကြာ အပစ်အခတ် ရပ်စဲမှုသက်တမ်းကာလသည် ယနေ့တွင် ပြီးဆုံးပြီးနောက် နောက်ထပ်တစ်ပတ်တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီက ထိုသို့အပစ်အခတ် တိုက်ခိုက်မှုများ ရပ်စဲကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသော်လည်း မြေပြင်၌ စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် စစ်ကြောင်းထိုးမှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြောင်းသိရသည်။

ထို့ပြင် အပစ်ရပ်ကာလရက် ၂၀ ပြည့် ယနေ့နံနက်ပိုင်းက နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ လူနေအိမ် ၅ လုံး ထိမှန်ပျက်စီးသွားကြောင်း (TNLA) က ထုတ်ပြန်ထားသည်။

photo Online

#ppv002
#အပစ်ရပ်
#စစ်ကောင်စီ
#နိုင်ငံရေး
#Khamsarngor
#PNLO
#ဌာနချုပ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။