ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/1BFFEdXUbm/
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၃ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကာ သေနတ် ၂ လက် နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ ကြောင်း ကယန်းအမျိုးသားတပ်မတော် KNA က ထုတ်ပြန်ထားသည်။
ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲ မြို့တွင် ဧပြီလ ၁၈ ရက်နေ့ ၌ အင်အား ၃၀ ၀န်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်ခဲ့ ကြောင်း KNA ကဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၃ ဦးထက်မနည်းသေဆုံးခဲ့ကာ စစ်ကောင်စီထံမှ MA 1 သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်းအထိနာသွားသော စစ်ကောင်စီသည် တိုက်ပွဲမှပြန်လည်ဆုတ်ခွာသွားခဲ့ရ ကြောင်း KNA ကဆိုသည်။
မိဘပြည်သူများအနေဖြင့်လည်း တိုက်ပွဲ ဖြစ်ပွားရာ ဒေသအတွင်း အထူးသတိထား သွားလာနေထိုင်ကြရန် KNA ကအသိပေးထုတ်ပြန်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#မိုးဗွဲ
#ကယန်းအမျိုးသားတပ်မတော်
#KNA
#လက်နက်ခဲယမ်းသိမ်းဆည်းရမိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7