ခမ်းသားငေါဝ်း
ဧပြီ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/1EELgfjoBR/
နောက်ကားအုပ်စု ညောင်ခံရွာနေ PNO ပြည်သူ့စစ်(အွိုင်ႏ)အဖွဲ့ဝင်တို့သင်္ကြန်ကာလ အရက်ဝိုင်းသောက်စဥ် သေနတ်ပစ်ဖောက်ရာမှ အချင်းချင်းပြန်ထိပြီး ဒဏ်ရာရသွားကြောင်း ဒေသခံထံကသိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု ညောင်ခံရွာနေ PNO ပြည်သူ့စစ်အဖွဲ့ဝင် ခွန်မောင်ချော်မှ တန်ခူးလပြည့်ကျော် ၁ ရက်နေ့တွင်အဖွဲ့ဝင်များနှင့် အရက်သောက်စဥ် မိုးပေါ်ထောင်သေနတ်ပစ်ဖောက်ရာ ထိုမှတဆင့် သေနတ်အားဘေးတွင်ချထားစဥ် ကျည်ထွက်ပြီးဘေးရှိတစ်ရွာတည်းနေ အဖွဲ့ဝင်ချင်းဖြစ်သည့် ခွန်တဦး၏ပခုံးအားကျဥ်ထိမှန်ခဲ့သည်၊၊
“အဲနေ့ကရွာမြောက်မှာ ပျော်ပွဲလုပ်ကြတာပေါ့ မောင်ချော်ကသေနတ်ဖောက်ပြီး သေနတ်ကိုဘေးမှာချထားချိန် ကျည်ဆံကသူ့သူထွက်သွားတာ ခုအောင်ပန်းဆေးရုံမှာပို့ထားတယ် သူကြီးတွေကသတင်းပေး မထွက်ဘူးပိတ်ထားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊
ယခင်က(အွိုင်ႏ)ပြည်သူ့စစ်များအား သေနတ်ပေးကိုင်ခြင်းမရှိသော်လည်း လက်ရှိတွင် သေနတ်ပေးထားခြင်းများရှိနေပြီး ကင်းစောင့်ခိုင်းခြင်းများရှိနေကြောင်း သိရသည်၊၊
“အာဏာပြချင်တာလည်းပါတာပေါ့ သေနတ်ရတော့ သင်တန်းသေချာတက်ထားတာမရှိတော့ ကျည်ခလုတ်ကိုဖွင့်ပြီးချထားတဲ့ခါ ကျည်ထွက်တာနေမယ်” ဟု ၄င်းကဆက်ပြောသည်၊၊
လက်ရှိတွင် ဒဏ်ရာရရှိထားသည့် ခွန်တဦးအား အောင်ပန်းမြို့ရှိ စစ်ဆေးရုံတွင် ဆေးကုသနေလျက်ရှိကြောင်း သိရသည်၊၊
PPV001
ပုံ-အွန်လိုင်း
#တောင်ကြီးမြို့နယ်
#နောင်ကားကျေးရွာအုပ်စု
#ညောင်ခံရွောနေ
#PNO
#ပြည်သူ့စစ်အဖွဲ့ဝင်
#အရက်သောက်ပြီးမိုးပေါ်ထောင်သေနတ်ဖောက်
#သေနတ်အားဘေးတွင်ချထား
#ကျည်ထွက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7