ခမ်းသားငေါဝ်း
ဧပြီ ၂၁၊ ၂၀၂၅

https://www.facebook.com/share/p/1HV2H5r1bj/

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အပျက်အဆီးများသည် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် တို့၌ လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသည် ရေနှင့် သန့်ရှင်းရေး အကူအညီ အရေးပေါ် လိုအပ်နေကြောင်း UNICEF ကထုတ်ပြန်ထားသည်။

၎င်း လူဦးရေသည် ၄ ဒသမ ၃ သန်းကျော်သည် ဘေးအန္တရာယ်မကျရောက်မှီ အချိန်မှာ ၁ ဒသမ ၁ သန်း ကနေ မြင့်တက်လာကြောင်းသိိရသည်။

ရေပေးရေးစနစ်တွေပျက်စီးပြီး၊ အိမ်သာအလုံးရေ ၄ သောင်း ၂ ထောင်ကျော် ပြိုကျခဲ့သည့် အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ရန် အခက်အခဲရှိနေကြသဖြင့် သန့်ရှင်းသော သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ အမိုးအကာ မရှိဘဲ နေထိုင်နေကြရသူများ ယခုချိန်ထိအများအပြားရှိနေပါသည်။

ရေပေးဝေမှု စနစ်များ ပျက်စီးခြင်းကြောင့် ဘေးကင်းလုံခြုံသည့် ရေမရရှိသဖြင့် ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားလာနိုင်ကြောင်းဖော်ပြထားသည်။

ထို့ကြောင့် ပျက်စီးသွားသည့် လမ်း၊ အခြေခံ အဆောက်အဦနှင့် ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုများကြောင့် ငလျင်ဘေးသင့် ပြည်သူတွေဆီ အကူအညီများ ရောက်ဖို့ရန်လည်း ပိုမို ခက်ခဲလျက်ရှိကြောင်းဖော်ပြထားသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#သဘာဝဘေး
#ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့်ငလျင်
#စစ်ကိုင်း
#မန္တလေး
#နေပြည်တော်
#သန့်ရှင်းသည်ရေနှင့်သန့်ရှင်းရေး
#အကူအညီအရေးပေါ် လိုအပ်
#UNICEF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7