ခမ်းသားငေါဝ်း
ဧပြီ ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/16QddfKqG1/
ပင်လောင်းတွင်ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ လက်ဖက်ခြောက်စျေးလည်း တစ်ပိဿာတစ်သောင်းရှစ်ထောင်ကျပ်အထိ စျေးကောင်းရရှိနေပေမယ့် တောင်သူများ တွက်ခြေမကိုက်ဘဲဖြစ်နေကြောင်းတောင်သူထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စားသုံးကုန်စျေးနှုန်းအမျိုးမျိုးစျေးတက်ခြင်းနှင့်အတူ ဒေသခံများစိုက်ပျိုးသော လက်ဖက်ခြောက်လည်း တစ်ပိဿာ တစ်သောင်းရှစ်ထောင်အထိစျေးကောင်းရရှိနေကြောင်းသိရသည်။
“လက်ဖက်က စျေးကောင်းရတယ်။ ဒါပေမယ့် ကုန်စျေးနှုန်းတွေအမျိုးမျိုးနဲ့ ပြန်ယှဉ်ရင်တော့ အမြတ်မရဘူး။အရင်ဆို လက်ဖက် ၃ ပိဿာရောင်းရင်ဆန်တစ်အိတ်ရပြီ ခုဆို ဆန်လည်း တစ်အိတ်တစ်သိန်းကျော်ဆိုတော့လက်ဖက်ခြောက် ၅ ပိဿာကျော်ရောင်းမှ ဆန်တစ်အိတ်ရတယ်။အဆင်မပြေဘူး လက်ဖက်ခူးချိန် လှော်တဲ့အချိန် လူငှားခနဲ့ ထင်းဖိုးတွေအများရီးကုန်တာ တွက်ခြေတောင်မကိုက်ဘူး”ဟု လက်ဖက်စိုက်တောင်သူတစ်ဦးကပြောသည်။
ယခင်နှစ်တွင် လက်ဖက်ခြောက်တစ်ပိဿာအများဆုံးတစ်သောင်းကျပ်အထိရရှိချိန်တွင် ဆန်အညံ့ဆုံးတစ်အိတ်ကို ၄ သောင်းသာရှိပြီး ယခုတွင် လက်ဖက်ခြောက် တစ်ပိဿာ တစ်သောင်းရှစ်ထောင်ကျပ် ရရှိပေမယ့် ဆန်းအညံ့ဆုံးကို တစ်သိန်းနှစ်သောင်းကျပ်ရှိကြောင်းသိရသည်။
ပင်းလောင်းမြို့ထဲနှင့် ပင်လောင်းတောင်ဖက်တို့တွင် ဆန်၊ဆီစားသုံကုန်၊ လူသုံကုန်အမျိုးမျိုးသယ်ယူခွင့်ကို စစ်ကောင်စီနှင့်PNOပြည်သူ့စစ်တို့က အကန့်အသတ်ဖြင့်သာ သယ်ခွင့်ပြုသောကြောင့် အစစအရာရာ စျေးတက်နေရကြောင်းသိရသည်။
#PPV005
ပုံ-အွန်လိုင်
#စိုက်ပျိုးရေး
#ပင်လောင်းမြို့
#စားသုံးကုန်စျေးနှုန်းအမျိုးမျိုးစျေးတက်
#လက်ဖက်ခြောက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7