ခမ်းသားငေါဝ်း

ဧပြီလ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/16RWabzRSk/

သီပေါမြို့နယ်၊ တုံစင့်ကျေးရွာနေ အမျိုးသားတစ်ဦး စစ်ကောင်စီလက်ကျန်မိုင်းကိုနင်းမိရာမှ ခြေတစ်ဖက်ဆုံးရှုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါတွင် ဧပြီလ (၁၆)ရက် ညနေ (၆းဝဝ)နာရီဝန်းကျင်အချိန်၌ အသက် (၅ဝ)အရွယ်ရှိ ဦးထွန်းထွန်းဆိုသူသည် ခလရ (၂၃)တပ်စခန်းတွင် ငှက်သွားပစ်ချိန် ယခင်စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့ပြီး ညာဘက်ခြေတစ်ဖက် ပြတ်ထွက်ဆုံးရှုံးကာ ကိုယ်ပေါ်တွင်လည်း ပြင်းထန်ဒဏ်ရာများစွာရရှိခဲ့ကြောင်းဆိုထားသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာကိုသီပေါမြို့ရှိ လူမှုကူညီရေးပရဟိတအသင်းနှင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါလူနာအား ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်းဖော်ပြထားသည်။

သီပေါမြို့တွင် ပြီးခဲ့သည့် မတ်လ (၈)ရက်ကလည်း အမျိုးသားတစ်ဦး တောင်ယာသွားရာမှ စစ်ကောင်စီလက်ကျန်မိုင်းနင်းတစ်လုံးကို နင်းမိရာ ထိုနေရာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။

PPV0001
ပုံ- TNLA

#လူ့အခွင့်အရေး
#သီပေါမြို့
#တုံစင့်ကျေးရွာ
#ငှက်သွားပစ်ချိန်
#ယခင်စစ်ကောင်စီတပ်ထောင်ထားသည့်မြေမြှုပ်မိုင်း
#ညာဘက်ခြေတစ်ဖက်ပြတ်ထွက်ဆုံးရှုံး
#PSLF/TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7