ခမ်းသားငေါဝ်း

ဧပြီ ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/1RkA6BrTs2/

တိုက်ပွဲဖြစ်ပွားမှုမရှိတော့ပေမယ့် မြေမြုပ်မိုင်းအန္တရာယ်ကြောင့် စစ်ဘေးရှောင်နေရသော တရွက်မွူးရွာသားများသည် ရွာမပြန်နိုင်ကြသေးကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တရွက်မွူးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများ စစ်ရှောင်နေရကာ တစ်နှစ်ကျော်ကြာသည့်အထိ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ရွာမပြန်နိုင်ကြသေးကြောင်းသိရသည်။

“မြေမြုပ်မိုင်းအရမ်းများလို့ ရွာမပြန်ရဲကြသေးဘူး။စစ်ရှောင်တာတော့ တစ်နှစ်ကျော်ပြီ။ နောင်ဝိုး၊ နမ်ဖာမူရွာကလူတွေက ပြန်ကြပေမယ့် တရွက်မွူးရွာသားတွေကပြန်တာမရှိသေးဘူး။”ဟု ရွာခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မြေမြုပ်မိုင်းသည် ရွာသားနေအိမ်ဝန်းအတွင်း၊တောင်ယာခြံထဲနှင့် လမ်းပေါ်တို့တွင် များစွာရှိပြီး မည်သည့်အဖွဲ့မှ လာရောက်ရှင်းလင်းပေးခြင်းမရှိကြောင်းသိရသည်။

တရွက်မွူးရွာခံအများစုသည် နောင်တရားမြို့ရှိ တပေါင်းကွင်းတွင် စစ်ရှောင်နေကြရပြီး အလုပ်အကိုင်ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#ပင်လောင်းမြို့နယ်
#တရွက်မွူးရွာ
#တိုက်ပွဲဖြစ်ပွားပြီး
#ဒေသခံများစစ်ရှောင်နေရ
#မြေမြုပ်မိုင်းအန္တရာယ်
#ရွာမပြန်နိုင်ကြသေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7