၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်
ခမ်းသားငေါဝ်း/လဂွန်းအိမ်စာစဉ် /MFCN/The Red Flag
Fact Check – အချက်လက်စစ်ဆေးခြင်း
စစ်ကောင်စီလော်ဘီတွေက တယ်လီဂရမ်နှင့် ဖေ့ဘွတ်စာမျက်နှာတွေမှာ ကျိုက်ထီးရိုးဘုရားလာဖူးတဲ့ ပြည်သူတွေကို KNUနဲ့ PDF တို့က ဖမ်းသွားခဲ့တဲ့ ဖြစ်စဉ် ပုံအချို့ ဆိုပြီး ဓာတ်ပုံတစ်ပုံနှင့်အတူ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ “ပြည်သူတွေ ဘုရားသွား၊ ကျောင်းတက် လုပ်နေတာကို PDF တွေရော၊ ခရစ်ယာန်သူပုန်တွေရောက မကြိုက်ဘူး” ဆိုပြီး ဘာသာရေးအမုန်းပွားစေတဲ့ အရေးအသားတွေပါ ထပ်ဆင့် ဖြန့်ဝေထားပါတယ်။
ဖြန့်ဝေထားတဲ့ လင့် – https://archive.ph/FXocO
ဖြန့်ဝေထားတဲ့ လင့် – https://archive.ph/Er78I
ထိုအကြောင်းအရာနှင့် ဓာတ်ပုံကို “ရန်သူလှုပ်ရှားမှု သတင်းများ” အကောင့်နှင့် “view of Sue” တယ်လီဂရမ်အကောင့်တို့ကနေ ဧပြီလ ၁၇ ရက်နေ့တွင် ဖြန့်ဝေထားတာဖြစ်ပြီး အချက်အလက်စစ်ဆေးချိန်၌ ကြည့်ရှူ့သူ ၂သောင်း ၁ ထောင်ကျာ်နှင့် လိုက်နဲ့ရီအက် ပြုလုပ်သူ ၃ ရာကျော် အထိရှိနေပြီး ဖြစ်ပါတယ်။ ထို့ဖြန့်ဝေမှုကိုဘဲ စစ်ကောင်စီလော်ဘီအကောင့်အချင်းချင်းက ထပ်ဆင့်ဖြန့်ဝေမှုတွေ ပြုလုပ်ထားကြပြီး ပျံနှံမှုလည်း များနေပါတယ်။
ထိုပျံနှံတဲ့အကြောင်းအရာကို Myanmar Fact-Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ ခမ်းသားငေါဝ်းနဲ့ လဂွန်းအိမ်စာစဉ် အချက်အလက်စစ်ဆေးရေးအဖွဲ့တို့ကနေ ပျံနှံနေသော သတင်းဓာတ်ပုံများအား Google Search image ကို အသုံးပြုပြီး ဓာတ်ပုံကို စိစစ်ကြည့်တဲ့အခါမှာတော့ ပုံအဟောင်းကို ယခုဖြစ်စဥ်နှင့်တွဲ၍ ပြန်လည်ဖြန့်ဝေထားသော ဘာသာရေးလှုံဆော်မှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
#သတင်းစိစစ်ချက်
စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေအသုံးပြုထားတဲ့ ဓာတ်ပုံသည် လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ မြင်းခြံမြို့ ပိုက်တည်းကုန်းကျေးရွာအနီးမှာ ပျူစောထီးအဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးခဲ့တဲ့ ဓာတ်ပုံအဟောင်းကို ပြန်လည်အသုံးပြုပြီး ဖြန့်ဝေထားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
Myanmar Pressphoto Agency သတင်းလင့် – https://shorturl.at/Rmpdb
ဧပြီ ၁၅ ရက် နေ့လယ် ၂ နာရီခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ကဒက်ချောင်းရေတံခွန်မှာ တော်လှန်ရေး တော်လှန်ရေးတပ်ဖွဲ့များမှ ပျူစောထီးခေါင်းဆောင် လှိုင်မင်း၊ ဇနီးဖြစ်သူ ယမင်းနဲ့ ပျုစောထီး ဒုခေါင်းဆောင် မဲကြီး အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေမှာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အသက် ၁၀ နှစ်အောက် ကလေးငယ် ၈ ဦးခန့်နဲ့ သက်ကြီးပိုင်းအမျိုးသမီးအချို့လည်းပါဝင်ကြောင်းကို မြေလတ်အသံမှ ဧပြီ ၁၇ ရက်နေ့တွင် ဖော်ပြထားပါတယ်။
မြေလတ်အသံ သတင်းလင့် – https://shorturl.at/YakP3
ဖမ်းဆီးခံရသူတွေမှာ သာမန်ပြည်သူတွေ မဟုတ်ဘဲ စစ်ဆေးချက်အရ ညောင်လေးပင်အခြေစိုက် ခမရ-၂၀ တပ်ရင်းနှင့် ပေါင်းကာ ဒေသခံတွေကို မီးရှို့သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ မြို့နယ်စီမံကောင်စီ ဗိုလ်မှူးနေလင်း ဆိုသူနှင့် ပူးပေါင်းကာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးကာ ခမရ-၄၄၀ တပ်ရင်းသို့ ပို့ဆောင်မှုတွေ ပြုလုပ်နေတဲ့ ပျူစောထီးအဖွဲ့တို့ ဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။ ပျူစောထီးမိသားစုဝင်များကိုပါဖမ်းဆီးရခြင်းမှာ လုံခြုံရေးအခြေအနေအရ သာဖြစ်ပြီး ဖမ်းဆီးထားစဉ်ကလည်း ကောင်းမွန်စွာကျွေးမွေးထားခြင်းဖြစ်ကြောင်းကို ဧရာဝတီတိုင်းမ်သတင်းမှ ၂၀၂၅ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းမ် သတင်းလင့် – https://shorturl.at/CuDwv
အခု ဖြစ်စဉ်ကို တော်လှန်ပြည်သူတွေထံ ပွင့်ပွင့်လင်းလင်း ချပြမှာဖြစ်ပါတယ်။ ကြီးမားတဲ့ပြစ်မှုတွေ တော်တော်ကျူးလွန်ထားတယ်။ စစ်ကောင်စီလော်ဘီသတင်းတွေက ဝါဒဖြန့်သလိုမျိုး ဘုရားဖူးပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီတာမျိုးမလုပ်ပါဘူး။ ကျွန်တော်တို့က မတိကျမသေချာပဲ ဘာမှမလုပ်ဘူး။ သူတို့သောက်စားမူးယစ်ပြီးရေကူးနေကြတဲ့အချိန်မှာ ဖမ်းတာပါ။ ဘုရားဖူးတဲ့အချိန်ဖမ်းတာ မဟုတ်ပါ ဘူး” ဟု ၂၀၂၅ခုနှစ် ဧပြီလ ၁၉ရက်နေ့မှာ သထုံခရိုင်PDF တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ထံ ပြောဆိုထားပါတယ်။
ထို့အတူ လဂွန်းအိမ်စာစဥ်ရဲ့ ဖော်ပြမှုမှာလည်း ဖမ်းဆီးခံရသူတွေသည် ညောင်လေးပင်က ပျူစောထီးခေါင်ဆောင်နဲ့ပျူအဖွဲ့ဝင်တွေ မိသားစုဝင်တွေဖြစ်ကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ဖော်ပြထားပါတယ်။
လဂွန်းအိမ်စာစဥ် သတင်းလင့် – https://shorturl.at/6WAuy
စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများမှ ဖြန့်ချီထားတဲ့ ကျိုက်ထီးရိုးဘုရားဖူးလာတဲ့ ပြည်သူတွေကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ရည်ရွယ်ချက် ရှိရှိလိမ်လည်စွပ်စွဲထုတ်ပြန်မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အမှတ်(၂၇)စစ်ဗျူဟာ တာဝန်ခံ ရဲဘော်အေးမင်းထွန်းမှ ဧပြီလ ၁၉ ရက်နေ့ ပြန်လည်ရှင်းလင်းထားမှုကို ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိအချိန်မှာ ပျူခေါင်းဆောင် လှိုင်မင်း၊ ဇနီးဖြစ်သူနဲ့ ပျူစောထီး အဖွဲ့ဝင် ၄ ဦးကိုသာ ဆက်လက် ဖမ်းဆီးထားပြီး ကျန်မိသားစုဝင်များကို ပြန်လွတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အမှတ် ၂၇ စစ်ဗျူဟာ ရှင်းလင်းချက်လင့် – https://shorturl.at/GZkaC
#သုံးသပ်ချက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်လည်ပတ်သည့် ပျူစောထီးအဖွဲ့နှင့် မိသားစုအပါအဝင် (၄၀)ကျော်ကို ၂၀၂၅ခုနှစ် ဧပြီလ ၁၅ရက်နေ့ တော်လှန်ရေးတပ်ဖွဲ့မှ ဖမ်းဆီးသွားခြင်းမှာ သတင်းမှန်ဖြစ်ပါတယ်။
စစ်ကောင်စီလော်ဘီများက ဝါဒဖြန့်ဝေထားသလို ပြည်သူတွေ ကျိုက်ထီးရိုးဘုရားလာဖူးတာကို ခရစ်ယာန်တွေ မကြိုက်လို့ KNUနဲ့ PDF တို့က ဖမ်းသွားတယ် ဆိုတဲ့အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါတယ်။
ဖမ်းဆီးရသူတွေသည် သာမာန်ပြည်သူတွေ မဟုတ်ဘဲ ဒေသခံတွေကို မီးရှို့သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးပြီး ခမရ-၄၄၀ တပ်ရင်းသို့ ပို့ဆောင်မှုတွေ လုပ်ဆောင်နေသည့် ပျူစောထီအဖွဲ့တို့ဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရပါတယ်။
ထိုဖြစ်စဉ်အကြောင်းအရာကိုအသုံးချပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအချက်အလက်အကြောင်းအရာတွေကို ချန်လှပ်ထားပြီး ဘာသာရေးအမုန်းတရား ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ မြန်မာပြည်နေရာအတော်တော်များများမှာ စစ်ကောင်စီက နိုင်ငံရေးပဋိပက္ခ မှတစ်ဆင့် ဘာသာရေးနဲ့ လူမျိုးရေးအကြား အထိကရုဏ်းပြဿနာတွေ၊ လူမျိုးရေးပဋိပက္ခပြဿနာတွေကို ဖန်တီးလုပ်ဆောင်လေ့ရှိကြောင်းကို Myanmar Fact-Checking Network (MFCN) အဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုအရ တွေရှိရပါတယ်။ ဒါတွေကို ပြည်သူတွေအနေနဲ့ သတိပြုသင့်ကြောင်း တိုက်တွန်းလိုပါတယ်။
ယခင်ဘာသာရေးအမုန်းတရားလှုံဆော်မှု အချက်အလက်စစ်ဆေးခြင်းလင့် အချို့
https://shorturl.at/ofIFd
https://shorturl.at/z5DJV
https://shorturl.at/t8jqy
#သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ တွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတို့ကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါအပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာ ကြတဲ့ ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း