ခမ်းသားငေါဝ်း

ဧပြီ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/19FEVoqHLH/

ထီတခေါ့ရွာတွင် မိုးကြီးပြီး လေပြင်းတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်၂၁ လုံးပျက်စီးသွားခဲ့ကြောင်းဧပြီလ ၁၉ ရက်နေ့တွင် ရွာသားတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နောင်တောကျေးရွာအုပ်စု(အွိုင်တနွိုင်ဝန်)၊ ထီတခေါ့ရွာ တွင် ဧပြီလ ၁၆ ရက်နေ့၌ မိုးကြီးပြီးလေပြင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံနေအိမ်၂၁ လုံးပျက်စီးခဲ့ရကြောင်းသိရသည်။

“အိမ်လုံးလုံးပျက်စီးသွားတာက၂၁ လုံးရှိတယ်။အမိုးတွေလှန်တာ ထရံတွေ လွင့်သွားတာ လည်းများတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဖို့အကူအညီလိုအပ်တယ်။ တက်နိုင်သလောက်လည်းကူညီပေးဖို့ တောင်းဆိုပါတယ်။ ရွာဖက်က အင်တာနက်လိုင်း ကောင်းကောင်းမကောင်းမရတော့ ဖြစ်သွားတာ ဘယ်သူမှမသိဘူး”ဟု ရွာခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုသည် အလှူရှင်လည်း မရှိသေးသလို တာဝန်ရှိသူလည်း လာရောက်ကြည့်ရှု့ခြင်းမရှိသေးကြောင်းသိရသည်။

ဒုံတခေါ့ရွာသည် ပအိုဝ်းတိုင်းရင်းသားများသာအများစုနေထိုင်ပြီး ရွာသားအများစုသည် သနပ်ဖက်စိုက်ပျိုးခြင်း၊ပြောင်းစိုက်ပျိုးခြင်း အဓိကစိုက်ပျိုးကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#နောင်တောကျေးရွာအုပ်စု
#အွိုင်တနွိုင်ဝွိုင်ꩻ
#ထီတခေါ့ရွာ
#မိုးကြီးပြီးလေပြင်းတိုက်ခိုက်ခြင်း
#နေအိမ်ပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7