ခမ်းသားငေါဝ်း
ဧပြီလ ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/15zU7rMVEP/

ငလျင်ဒဏ်များကြောင့်အင်းလေးဒေသရှိ စောင်းသွားသည့်အိမ်များကို ပြန်တည့်မတ်ရာတွင် ဒေသခံများ၏ ပူးပါင်းဆောင်ရွက်မှုနှင့် လူအင်းအား လိုအပ်ကြောင့် ပရဟိတ ကူညီသူ တစ်ဦးမှပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသ၌ ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ဒေသခံများ၏ နေအိမ်များ ပြိုလဲပျက်စီးခြင်းနှင့်တိမ်း စောင်းခြင်း အတွက် ပြန်လည်ထူထောင်ချိန် လူအင်းအားနှင့် နည်းပညာ ကျွမ်းကျင်သူများလည်း လိုအပ် ကြောင်းသိရသည်။

“ဒေသခံများရဲ့ ပူးပေါင်းဆောက်ရွက်မှုနည်းနည်းလေလိုတာပေါ့ သူတို့က ကျွန်တော်တို့ကို NGOလို့ထင်နေတာ ကျွန်တော်တို့လာတယ်ဆိုတာက ပရဟိတအဖွဲ့တွေ အကျိုးမြတ်အတွက်နဲ့လာရတဲ့ သူတွေမဟုတ်ဘူး နောက်တစ်ခုက ဒေသခံရဲ့ ပူးပေါင်းဆောက်ရွက်မှုမှာ မရှိရင် ဘယ်ပရဟိတမှအဆင်မပြေဘူး အဲ့တာကြောင့်ဒေသခံအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်တာ “ဟု ပရဟိတလုပ်ဆောင်သူတစ်ဦိးမှပြောသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့အထိ စောင်းလဲသွားသည့် အိမ်ခြေ ၆၀ ကျော် ကိုပြန်တည့်မတ် ပေးခဲ့ကာ သုံးပုံ တစ်ပုံသည် ဟဲယာရွာဖြစ်ပြီး ကေလာရွာနှင့် အင်းပေါခုံတို့၌လည်း ပြုလုပ်ပေးခဲ့ကြောင်းဆို သည်။

ထို့ပြင် အိမ်ပြန်တည့်မတ်ချိန် ဒေသခံများ၏ စက်ပစ္စည်း သယ်ဆောင်ရန်၊ ကျင်းတူးရန်အတွက် လူအင်းအားနှင့် ရေပေါ်ရှိအိမ်များ ပြန်တည့်မတ်ရန် နည်းပညာများလိုအပ်ကြောင်းသိရသည်။

“ အဓိကတော့ ကုန်းပေါ်တည်ထားတဲ့အိမ်တွေဆိုရင်ရတယ် ရေပေါ်ကအိမ်တွေဆို အဆင်မပြေဘူး နည်းပညာကိုမသိလို့ ကုန်းပေါ်ကအိမ်တွေကိုတော့ တည့်ပေးဖို့အဆင်ပြေတယ်၊ပြီးတော့ စက်တွေဘယ်ဖို့ရယ်ကြိုးတွေသယ်ဖို့ရယ် တချို့နေရာမှ ကြတော့ အကြမ်းကိစ္စတွေပေါ့ ကျင်းထိုး ရတာတွေ သံစိုက် ရတာတွေ အဲတာတွေကို ဒေသခံတွေပူးပေါင်းဆောင်ရွက်စေချင်တယ်”ဟု ၎င်း ကဆက်ပြောသည်။

လူအင်းအားကြောင့် ရွာအားလုံး မသွားနိုင်သဖြင့် လိုအပ်သည့် ရွာများကို စက်ကိုင်တွယ်နည်းကို သုံးရက်အချိန်ပေးပြီး စက်ပစ္စည်းများ လှူဒန်းပေးခြင်းအပြင် ဌားရမ်းမှု ပြုလုပ်ပေး၍ လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရပါသည်။

၎င်း အပြင် ဘုန်းကြီးကျောင်းများ လုပ်ဆောင်ပေးရန်အတွက် လူရာနှင့် ချီလိုအပ်ပါသဖြင့် စက်ကိုင်သမားများ၊ နည်းပညာသမားများ၊ အင်ဂျင်နီယာသမားများ ဝိုင်းဝန်းကူညီပေးမည့် လူအင်းအားလိုအပ်နေကြောင်းသိရသည်။

#ppv013
#ငလျင်ဒဏ်
#သဘာဝဘေး
#အင်းလေး
#တိမ်းစောင်းအိမ်ပြန်တည့်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။