တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ရပ်ထားသည့် ကား ခနအတွင်း ခိုးယူခြင်းခံရ
………………….
ခမ်းသားငေါဝ်း
ဧပြီ ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/1HV1rCpY7S/
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့တွင်ဧပြီလ (၉) ရက်က ရပ်ထားသော မော်တော်ကား တစ်စီးခနအတွင်း ခိုးယူခြင်း ခံရကြောင်းသိရသည်။
Hilux Vigo အမျိုးအစား အဖြူရောင် (လိုင်စင်ပါ) မော်တော်ကား ၊ တစ်စီး ဧပြီလ ၉ ရက် ညနေပိုင်း (၄) နာရီ နှင့် (၅) နာရီ အကြားတွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ အနီးရပ်ထားစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ပိုင်ရှင် ဖြစ်သူက ပြောသည်။
“ကားကို လော့ချ ထားတယ်ဗျ။ မိန်းလမ်းပေါ်မှာကို အခိုးခံရတာပါ။ ခနလေး ရပ်ထားတာကို အခိုးခံရတယ်။”ဟု ကားပိုင်ရှင်က ဆိုသည်။
ထို့ပြင် တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်ကွက် ၊ ဝါးပြား တွင် နေအိမ် ဖောက်ထွင်းခံရပြီး၊ Honda Wave (i) (110) မော်တော်ဆိုင်ကယ်တစ်စီး လည်း ခိုးယူခြင်း ခံလိုက်ရကြောင်း သိရသည်။
ဆိုင်ကယ် ပိုင်ရှင်က” ဒီနေ့ ခနလေး အပြင်ထွက်တာ ။ အိမ်ထဲဘာမှ မထားတော့ အိမ်ထဲယူစရာ မရှိတော့ ဆိုင်ကယ်ကို ခိုးသွားတယ်ဗျာ။ မရှိပါဘူးဆိုမှ ခိုးခံရတာ။ ’ဟု ပြောသည်။
ကျောင်းကြီးစုရပ်ကွက် ဝါးပြားတွင် နေအိမ် ဖောက်ထွင်းမှုများ မကြာခဏ ကြုံတွေ့နေရကြောင်း ရပ်ကွက်နေ ပြည်သူများက ဆိုသည်။
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် ၊ နယ်မြေ (၁) ဗုဒ္ဓတက္ကသိုလ် လမ်းတွင်လည်း နေအိမ်ကို ဝင်ဖောက်ကြောင်း၊ ညဘက် ၁၂ နာရီ အချိန် မအောင်မြင်သဖြင့် မနက်ပိုင်း ၃ နာရီ ကျော် အချိန် ထပ် ဖောက်နေကြောင်း၊ နေရာတိုင်း သူခိုးများ သောင်းကျန်းနေသဖြင့် ဂရုစိုက်ကြရန် လိုအပ်ကြောင်း ပြည်သူ တစ်ဦးက အသိပေးထားသည်။
တောင်ကြီးမြို့တွင် နေ့စဉ် ဆိုင်ကယ် ခိုးခံရသော ဖြစ်စဉ်များ ကြုံတွေ့ရပြီး၊ ဆိုင်ကယ်သူခိုးများကို ဖမ်းဆီး ရမိခြင်း မရှိကြောင်း ကြား သိရသည်။
#PPV-006
#မှုခင်း
#ကားခိုးမှု
#ဆိုင်ကယ်ခိုးမှု
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။