စစ်ခေါင်းဆောင်တောင်ကြီးကို လာမည်သတင်းကြောင့် တမြို့လုံးလမ်းဘေးစျေးသည်ပိတ်ထားရ
………………….
ခမ်းသားငေါဝ်း
ဧပြီ ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/16Qzdi31o1/
စစ်ခေါင်းဆောင် တောင်ကြီးကို ရောက်လာမည် သတင်းကြောင့် လုံခြုံရေး တင်းကြပ်ပြီး ၊ မင်းလမ်း တစ်လျှောက် စျေးသည်များကို ရှင်းလင်း ဆောင်ရွက်ထားကြောင်း သိရသည်။
ဧပြီလ (၁၁) ရက်တွင် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့် ဘုရား ထီးတော်တင်ပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ရန်စီစဉ်ထားကြောင်း သိရသည်။
“မင်းလမ်းတစ်လျှောက် စျေးသည်တွေ အပါအဝင် တစ်မြို့လုံး လမ်းဘေး စျေးသည်တွေ ပိတ်ထားရတယ်။ သူတို့ လာတိုင်း ဆိုင်ပိတ်ရတာ ဘာနဲ့ လုပ်စား ရမှန်းတောင် မသိဘူး။ အခက်အခဲ ကြုံရတယ်။” ဟု အိုးရှင်း စင်တာအနီး စျေးသည်က ဆိုသည်။
ဧပြီလ ၁၀ ရက်ယနေ့ မနက်ပိုင်းတွင် တောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး တစ်လျှောက် ရှိ လမ်းဘေး စျေးသည်များကို ရှင်းလင်းရေး ဆောင်ရွက်ထားကာ ၊ လမ်းမကြီးဘေး တစ်လျှောက်တွင် ရပ်တန့် သော မော်တော်ယာဉ်များကိုလည်း ယာဉ်ထိန်းရဲများက လိုက်လံမောင်းထုတ်နေကြောင်း သိရသည်။
တောင်ကြီးမြို့ဝင် ထုံးဘိုဂိတ် နှင့် သစ်တော ကားလေးဂိတ် တို့တွင်လည်း လုံခြုံရေး စစ်ဆေးရေး တင်းကြပ် ဆောင်ရွက်ထားကာ ကားကြီးများကို ပေးမ၀င်တော့ဘဲ ရပ်တန့်ထားကြောင်း သိရသည်။
ရွှေညောင်ရှိ စစ်တပ် ရှေ့တွင်လည်း တပ်ပြောင်းရွေ့ ဟု ယူဆရသော စစ်ကားလေးစီး အပြည့်ကားများဖြင့် တောင်ကြီးဘက် ဦးတည်လာသည်ကိုလည်း ဧပြီလ ၁၀ ရက်တွင် မြင်တွေ့ရသည်။
စစ်ခေါင်းဆောင်သည် ဧပြီလ ၁၀ ရက်တွင် ဟိုပုံးမြို့ ရောက်ရှိနေကာ ဧပြီလ ၁၁ ရက်တွင် ဘုရားထီးတော်တင်ပွဲ တက်ရောက်မည် ဟုလည်း ပြောဆိုနေကြသည်။
#PPV-006
#social
#တောင်ကြီး
#မင်းအောင်လှိုင်
#စျေးသည်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။