အင်းလေးတွင် ငလျင်ဘေးသင့်သူများအတွက် ခြင်ထောင်နှင့် ခြင်ဆေးခွေအရေးပေါ်လိုအပ်
…………………………………………..
ခမ်းသားငေါဝ်း
ဧပြီ ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/19mR3nU2Ep/
အင်းလေးဒေသ ငလျင်ဘေးသင့်သူများသည် အပျက်အစီးကြားတဲထိုးပြီးနေနေရပြီး ယခုတွင်ခြင်ထောင်နှင့် ခြင်ဆေးခွေများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဘေးကြုံနေရသူများအတွက် ယခုတွင် ခြင်ထောင်နှင့် ခြင်ဆေးခွေများလိုအပ်လျက်ရှိကြောင်း သိရသည်။
“အများစုကလာလှူရင် စားနပ်ရိက္ခာ၊ စောင်၊အဝတ်အထည်တွေဘဲလှူတာများတယ်။ ခြင်ထောင်နဲ့ခြင်ဆေးခွေက လှူသူမရှိဘူး။ ညညဆို ခြင်အရမ်းကိုက်လို့ အိပ်လို့တောင်မရဘူး။ ကြာလာရင် တုပ်ကွေးဖြစ်မှာကြောက်ရတယ်”ဟု ငလျင်ဘေးသင့်သူ တစ်ဦးကပြောသည်။
အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင်း နေအိမ်ပေါင်း ၃ ထောင်ကျော်ပျက်စီးသွားပြီး အများစုသည် အိမ်သုံးပစ္စည်းများ၊ စုဆောင်းထားသော ပိုက်ဆံများ ပြန်မရဘဲ အိမ်ပြိုသွားသည့် ရေထဲပါကုန်ကြကြောင်းသိရသည်။
ယခုတွင်အလှူရှင်များ များစွာ သွားရောက်လှုဒါန်းကြသော်လည်း အပျက်အစီးအထိအခိုက်များသောကြောင်းလိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်းသိရသည်။
#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ငလျင်ဘေးကြုံနေရသူများ
#ခြင်ထောင်နှင့်ခြင်ဆေးခွေများလိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7