ငလျင်ဒဏ်ကြောင့်အိမ်ပျက်စီးသွားသည့် လိန်းလီကျေးရွာတွင် အကူအညီမရောက်နေ
………………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅

https://www.facebook.com/share/p/1A9Zkkyjgm/

ငလျင်ဒဏ်ကြောင့်အိမ်ပျက်စီးသွားသည့် လိန်းလီကျေးရွာတွင် အကူအညီမရောက်သေးကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာတွင် အကူအညီမရောက်သေးကြောင်း သိရသည်။

“ဟိုနည်းနည်းဒီနည်းနည်းဖြစ်တာကတော့ အိမ်ခြေနှစ်ဆယ်လောက်ရှိတယ် ကျန်တဲ့ ၆ အိမ်ကအထိခိုက်နဲနဲကြီးတော့အိမ်ကလူနေမရလို့အန္တရယ်ရှိတာနဲ့ဝိုင်းဖျက်ပစ်လိုက်ပြီ ဂိုဒေါင်တစ်လုံးလည်းလုံးဝခြောက်ထဲကျသွားတယ်ဗျ”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ငလျင်ကြောင့်ပျက်စီးသွားသည့် အိမ်များသည်ဆွေမျိုးနှင့်အတူနေရပြီးအချို့တွင် တဲထိုးနေထိုင်ရခြင်းနှင့် ခြေထောက်အရိုးအက်ကွဲဒဏ်ရာရသူတစ်ဦးလည်းရှိကြောင်းသိရသည်။

PPV009
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ငလျင်
#ပင်လောင်းမြို့နယ်
#လိန်းလီကျေးရွာ
#အကူအညီမရောက်သေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7