ရွေးကောက်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပမည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်ကြေညာ
………………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅

https://www.facebook.com/share/p/15u3gwu79N/

စစ်ကောင်စီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလတွင်း ကျင်းပသွားမည်ဟုစစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်။

ကြေညာချက်တွင် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို လာမည့် မေလ ၉ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရန် ဖော်ပြထားသည်။

ထို့ပြင် ဧပြီလ ၇ ရက်နေ့ အထိအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ (၂၁)ပါတီ ၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင် ခွင့်လျှောက်ထားသည့်ပါတီ (၅၀) ပါတီ၊ စုစုပေါင်း (၇၁) ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲအား မဲများသူအနိုင်ယူစနစ် (FPTP)နှင့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို ပေါင်းစပ် အသုံးပြုပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလေးပိုင်းခွဲပြီး ကျင်းပမည်ကို စီစဉ်ထားကြောင်း စစ်ကောင်စီဥက္ကဋ္ဌက မတ်လ ၂၅ ရက်တွင်ပြောဆိုခဲ့သည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ကောင်စီကျင်းပမည့်
#အထွေထွေရွေးကောက်ပွဲ
#ဒီဇင်ဘာလ
#ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7