စစ်ကောင်စီ၏စစ်မှုထမ်းအပြင် ပြည်သူ့စစ်ကောက်ခံ သည့်ဆက်ကြေးလည်းပေးနေရဟု ကျောက်နီဒေသခံဆို
…………………………
ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅

https://www.facebook.com/share/p/1GSeFmNGWx/

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုတွင် စစ်ကောင်စီ၏စစ်မှုထမ်းအပြင် PNO ပြည်သူ့စစ် ကောက်ခံသည့်ဆက်ကြေးလည်းပေးနေရကြောင်း သိရသည်။

PNO ပြည်သူ့စစ်သည် ဆက်ကြေး (အခွန်) အဖြစ် တစ်အိမ်လျှင် ကျပ်(၄သောင်း) ကောက်ခံနေပြီး စစ်ကောင်စီထံ စစ်မှုထမ်းရန် အတွက်လည်း စာရင်းများလိုက်လံ ကောက်ခံ ပေးနေရကြောင်း ဒေသခံ များထံမှသိရသည်။

“PNOအတွက်လည်း ပိုက်ဆံထည့်ရတယ်။ စစ်ကောင်စီအတွက်လည်း စစ်သားစာရင်းကောက်ပေးရတယ်။ တခြားရွာကလူကို စစ်မှုထမ်းငှားထည့်ရင်လည်း သူတို့အတွက် ပိုက်ဆံထည့်ရတယ်။ လတိုင်းတော့ မထည့်ရပေမဲ့ သူတို့ တောင်းလာတဲ့အချိန်ကို ပေးနိုင်မှရတာ။ သူတို့ကိုပဲ ကြောက်နေရတာ။” ဟု ဒေသခံ အမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထိုသို့ ဆက်ကြေးများပေးသွင်းပြီး စစ်ကောင်စီ၏ စစ်မှုထမ်းရန်အတွက် လူများပါ စုဆောင်းပေးနေရသောကြောင့် ဒေသခံများသည် စားဝတ်နေရေး အဆင်မပြေမှုများကြုံတွေ့နေရကြောင်းဆို သည်။

ယခုကာလသည် စိုက်ပျိုးရေးသွင်းအားစုစျေးကြီးပြီး သီးနှံစျေးနှုန်းကျဆင်းသည့်အတွက် စိုက်ပျိုး ရေး အားထားသည့် ပြည်သူများစားဝတ်နေရေးအတွက် အဆင်မပြေမှုကြုံတွေ့နေရသည်ဟု သိရသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက“ခုချိန်တော့ ဘာစီးပွားရေးမှ မဖြစ်ထွန်းဘူး။ လက်နက်ကိုင်တွေလောက်ပဲ ချမ်းသာမယ်။အခြေခံ လူတန်းစားတွေကတော့ ဘယ်လောက်ရုန်းရုန်း ဒီနွံပဲ နစ်နေအုံးမှာ။ ကုန်ဈေးနူန်းနဲ့တော့ မငတ်ရုံလေး နေနေရတာ။ ခေတ်ပျက်ကြီးထဲမှာ အဆင်မပြေနေဘူး။” ဟု ပြောသည်။

တောင်ကြီးမြို့နယ်တွင် ငလျင်ဘေးဒဏ်ကြားမှ စစ်ကောင်စီ စစ်မှုထမ်း အမှတ်စဉ်(၁၂)အတွက် လူသစ်စုဆောင်းမှု၊မဲနိုက်မှုများလုပ်ဆောင်ခြင်းလည်းခံ နေရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရှမ်းတောင်တွင် နေအိမ်ထိခိုက်မှု လူသေဆုံးမှုများရှိခဲ့ပြီး အဆိုပါ ဒေသများထဲမှ အင်းလေးဒေသသည် ထိခိုက်မှု အများဆုံးဖြစ်သည်ဟုသိရသည်။

#PPV008
#Humanright
#ကျောက်နီ
#PNO
#စစ်မှုထမ်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။