နန်းပန်းကျေးရွာတွင် အလှူရှင်များလာရောက်မှု ရှိပြီဖြစ်သော်လည်း လိုအပ်မှုများရှိနေသေး
……………………………………

ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅

https://www.facebook.com/share/p/1AMywvGL7t/

ပင်လောင်းမြို့နယ်၊ နန်းပန်းကျေးရွာတွင် အလှူရှင်များလာရောက်ကူညီ မှုရှိပြီဖြစ်‌သော်လည်း လိုအပ်ချက်များစွာရှိ နေသေးကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းပန်းကျေးရွာတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှု ကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရကာအလှူရှင် အ‌‌ဖွဲ့အချို့ လာရောက်ကူညီပေးခဲ့သော်လည်း လိုအပ်ချက်များရှိနေသေးသည်။

” အလှူရှင်တွေတော့လာတာ ၃ ဖွဲ့လောက်ရှိ နေပြီ၊သူတို့က အိမ်လုံး၀ပြိုကျပြီး နေလို့မရတဲ့လူတွေ အတွက်ပဲ လှူသွားတာပေါ့လေ၊ ဒီတိုင်းအိမ်မပြိုပဲ အက်သွားတဲ့လူ တွေအတွက်တော့မပါသေးဘူး၊ အိမ်အက်ကွဲ နေတဲ့လူတွေဆိုလည်း နောက်ဆက်တွဲငလျင်ကြောက်တော့ အိမ်ပေါ်တက်မအိပ်ရဲကြသေးဘူး၊ သူတို့အတွက်‌တော့အကူအညီလိုအပ်နေဆဲပဲ ဟု” ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသောာ နန်းပန်း ကျေးရွာဘုန်းကြီးကျောင်းအတွက်လည်း အကူအညီများလိုအပ်နေကြောင်း သိရသည်။

” အလှူရှင်အကုန်လုံးက ရွာကအိမ်တွေကိုပဲ သွားကြည့်ကြတာပေါ့လေ၊ ဘုန်းကြီးကျောင်းကိုတော့ ကူညီပေးမယ့်လူမရှိသေးဘူး၊ အဲ့ဘုန်းကြီးကျောင်းမှာပဲ ကလေးတွေစာသင်ရတယ်၊ G 10၊ G 11၊ G 12 တွေအဲ့မှာပဲသင်ကြတယ်၊ ပြီးတော့ computer သင်တန်းတွေလည်း ဖွင့်ထားတယ်၊ အခုက အဲ့ဘုန်းကြီးကျောင်းလည်း ထိထားတယ်၊ လှေကားတွေကအက်သွားတယ်၊ ကျောင်းကလည်း ပြန်ဖွင့်ဖို့နီးလာတော့ ပြန်ပြင်ဖို့ အကူအညီတွေလိုနေတုန်းပဲ” ဟု ၎င်း ကဆက်ပြောသည်။

အင်အားပျင်းငလျင် လှုပ်ခတ်မှု ကြောင့် နန်းပန်းကျေးရွာရှိ အိမ်ခြေ ၄၀ ကျော်ခန့် နေမရတော့အောင်လုံး၀ပျက်စီးသွားပြီး ၁၀၀ ကျော်ခန့်ထိခိုက်သွားခဲ့ကာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ် နေဆဲဖြစ်သည်။

PPV 003
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#နန်းပန်းကျေးရွာ
#အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်
#နေအိမ်အများအပြားပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7