ငလျင်ဒဏ် ဆိုးဝါးစွာခံခဲ့ရသော ပင်ကာလ ကျေးရွာတွင် အလှူရှင်များ လိုအပ်နေသေး
……………………………………………
ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅
https://www.facebook.com/share/p/16KxQJwPx8/
ပင်လောင်းမြို့နယ်၊ ပင်ကာလကျေးရွာတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး အလှူရှင်လာရောက်မှုမရှိ သေးကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်ကာလ ကျေးရွာတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ် ၇၀ ခန့်ထိခိုက်ပျက်စီးသွားကာ ယခုအချိန်ထိ လာရောက်ကူညီသည့် အလှူရှင်များမရှိသေးကြောင်းသိရသည်။
” သူတို့ရွာက ပထမဆုံးအင်အားအပြင်းဆုံးလှုပ်တဲ့ ငလျင်မှာ ဘာမှမဖြစ်သွားဘူး၊ အိမ်တွေပဲအက်သွားတာ၊ ဒုတိယငလျင်ငယ်ထပ်လှုပ်မှ အိမ်တွေ ပြိုသွားတာ၊ အဲ့ကြောင့် တချို့အဖွဲ့အစည်းတွေ ငလျင်အပြီးထိခိုက်မှု အချက်အလက် ကောက်တဲ့ချိန်သူတို့ရွာမပါသွားတော့ လူသိလည်းနည်းသွားတယ်၊ အလှူရှင်တွေလည်း ရောက်မလာ သေးဘူး၊ အကူအညီ တွေလိုအပ်နေတယ်” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အလှူရှင်များမရှိသောကြောင့်ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများစွာဖြစ်နေကြောင်းသိရသည်။
“သူတို့ရွာက အဓိကစိုက်ပျိုးရေးပဲ လုပ်တော့ ဒီလိုအချိန်မှာက အလုပ်မရှိသေးဘူး၊ ကိုယ်ထူကိုယ်ထ ရန်ပုံငွေတွေစုရင်လည်း ပျက်သွားတဲ့အိမ်က အများကြီး၊ ဘယ်လိုမှ မလောက်နိုင်ဘူး၊ အခုဆို အပြင်မှာပဲ အိပ်နေရတာ၊ အကူညီတွေတော့ အများကြီးလိုအပ်နေပါတယ်” ဟု ၎င်းကဆက်ပြောသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပင်လောင်းမြို့နယ် ပအိုဝ်း ဒေသအတွင်းရှိ ကျေးရွာနေအိမ် အများအပြားထိခိုက်ပျက်စီသွားပြီး ယခုအချိန်ထိအကူအညီလိုအပ် နေဆဲဖြစ်ကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#ပင်ကာလကျေးရွာ
#ငလျင်ကြောင့်
#ထိခိုက်ပျက်စီးမှုများခဲ့
#အလှူရှင်လာရောက်မှုမရှိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7