ကျိုင်းတုံမြို့စပါယ်ရှယ်တောင်အဆင်း ခရီးသည်ယာဉ်တစ်စီး ချောက်တွင်းထိုးကျ ၇ ဦး သေဆုံး
………………………
ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅

https://www.facebook.com/share/p/16QgZxeiug/

ကျိုင်းတုံမြို့ ၊ ပြည်ထောင်စုလမ်းမကြီး စပါယ်ရှယ် တောင်အဆင်းတွင် ခရီးသည်ယာဉ်တစ်စီး ချောက်တွင်း ထိုးကျသဖြင့် ၇ ဦး သေဆုံးခဲ့ကြောင်း ကနဦး သိရသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီးစပါယ်ရှယ် တောင်အဆင်းတွင် ဧပြီလ ၈ ရက် ည ၁၀ နာရီခွဲခန့်က ခရီးသည်ယာဉ်တစ်စီး ချောက်ထဲကျ တိမ်းမှောက်သဖြင့်၊ ၇ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ ဖုန်းဆက် အကူအညီတောင်းလာလို့။ ဖြစ်စဉ် သိသိချင်းပဲ သွားခဲ့တာ၊ သေဆုံးသူတွေ လူနာတွေကို သွားရောက်ကူညီပေးတာ။ ” ဟု ကူညီဆောင်ရွက်ပေးခဲ့သူက ဆိုသည်။

ကျိုင်းတုံမှ တောင်ကြီး သွားလမ်း ၊ စပါယ်ရှယ် တောင်အဆင်းရှိ မိုင်တိုင်အမှတ် ၃၆၆/၆-၇ ကြားတွင် Rozer ၆ဘီး(ခရီးသည်)ယာဉ်သည် လမ်း၏ ယာဘက် ပေ ၅၀၀ ခန့်နက်သည့် ချောက်ထဲသို့ထိုးကျသွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကျိုင်းတုံတွင် မတ်လ ၂၀ ရက်ကလည်း စပယ်ရှယ်တောင်မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ရွာ နတ်စင်ကွေ့၊ မိုင်တိုင်အမှတ်(၄၀၃/၇)နှင့် (၄၀၄/၀) ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေ ၃ ဦး ဒဏ်ရာရ ဖြစ်စဥ် ဖြစ်ခဲ့သေးသည်။

ထို့အပြင် မတ်လ ၁ ရက်နေ့တွင်လည်း Express ခရီးသည်တင်ယာဥ်သည် စပါယ်ရှယ်တောင်၊ လက်ပံကွေ့(၁)၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ)ကြားတွင် ချောက်ထဲကျ တိမ်းမှောက်သဖြင့် ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သေးကြောင်း လူမှုကူညီရေး အသင်းထံမှ သိရသည်။

#ppv006
#မှုခင်း
#ကျိုင်းတုံ
#ယာဥ်တိမ်းမှောက်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။